Popular Taehyung✔︎

1.6K 138 1
                                    

My Yoga Boy (Chapter 2)

Uni

"Kim Taehyung..Kim Taehyung အဲ့ဒါ"

"ဟုတ်သား အနောက်က မိန်းကလေးအုပ်ကလဲ မနဲပါလားရော"

Taehyung တစ်ယောက် ဒီတစ်နှစ်လဲ အတော်ဆုံး ယောဂဆရာ ဆုရသည်..

၂၁ နှစ်သာ ရှိသေးသော်လည်း ငယ်ငယ်ကတည်းက ယောဂကစားလာသည့်သူမို့ တော်ရုံ ယှဉ်မရပေ။

ယောဂကစားခြင်းသာမက လူကလဲ ဖြူဥကာ ပြစ်ချက်မရှိအောင် ကြည့်ကောင်းသည်..

ထို့သို့ဖြင့် ယောဂ အသိုင်းအဝိုင်းတွင်ပင် မဟုတ် ပုံမှန်လူတွေ ကြားထဲမှာပင် နာမည်ကြီးသည်..

တစ်နေရာရာ သွားလိုက်တိုင်း မိန်းကလေး တစ်အုပ်က အမြဲပါလာသည်မို့ ကြာလာတော့ ခပ်သွက်သွက်ဖြင့်သာ အမြဲသွားပြီး ခေါင်းငုံ့ထားတာများသည်..

စိတ်ရှုပ်လို့ ပြုမူခြင်းကို အချို့လူတွေကတော့ ချေလိုက်တာ ဟူ၍သာ ကောက်ချက်ချသည်။

ငယ်ငယ်ထဲက မိဘနှစ်ပါး မရှိတော့သည့် အတွက် အဖွားနှင့်သာ

ဒီတစ်ခေါက် အနားယူရန် အတွက် အဖွားနှင့်အတူ india သွားကာ ယောဂ ဆော့ရင်း အပန်းဖြေဦးမည်

နှစ်ယောက်ထည်း မဖြစ်သည်မို့ သူငယ်ချင်းအချို့ပင်ခေါ်လိုက်ကာ အကုန်လုံး တက်ကြွစွာဖြင့်..

Germany နိုင်ငံ သတင်းများတွင်လည်း ဒီနှစ်လဲ Kim Taehyung သာ ဆုရသည့် သတင်းများသည်လည်း ပျံ့နှံ့စွာ..။

ဘယ်လိုပေါက်ကြားသွားလည်းပင် မသိ india
သွားမည်အထိပါ တစ်ချို့သူတွေက သိထားတာကြောင့် မသိမသာပင် လေဆိပ်ဆင်းကာ..

ခေါ်လာသည့် သူငယ်ချင်းနှစ်ယောက် က ယောကျာ်းလေးတစ်ယောက် Liam မိန်းကလေး တစ်ယောက် Cia

အဖွားကို တူတူတွဲကာ လေဆိပ်ထဲ ရောက်လာသည်..

အသက်ကြီးတဲ့ အဖွားအို အရွယ်ကို နိုင်ငံရပ်ခြားထိ ခေါ်လာတာ ဒုက္ခခံခိုင်းသလိုများဖြစ်နေရောလား။

အနားယူဖို့ ခေါ်လာတာဘဲ.။

တစ်ယောက်တည်း အတွေးပေါင်းစုံနှင့် အနားလည်းယူစေချင်သည် ခရီးသည်လဲ ဝေးသည်။လေဆိပ်ထိတောင်ခေါ်လာပြီးပြီဘဲဟာ..

My Yoga Boy "ᥴ᥆m⍴ᥣᥱ𝗍ᥱꪶ"Tempat cerita menjadi hidup. Temukan sekarang