Two kisses✔︎

1.2K 118 0
                                    

My Yoga Boy(Chapter 7)

Uni

Taehyung ပြန်ရောက်ကတည်းက အိပ်ပျော်သွားလိုက်သည်မှာ ညဘက် တံခါးခေါက်သံကြားမှ ပြန်နိုးလာသည်။

"Taehyung.. Taehyung အထဲမှာ ရှိလား နေမကောင်းဘူးလား..ဟမ်!"

နာမည် ဆက်တိုက် အော်ခေါ်နေကာ တံခါးကို တဒုန်းဒုန်းထု နေတော့မှ အလန့်တကြား ကုန်းထလာပြီး တံခါးကို ဖွက့်လိုက်မှ အရှေ့မှာ ရပ်နေတဲ့ Jungkook

မျက်လုံးကို ပွတ်နေကာ အိပ်ချင်မူးတူးနှင့်

"ဘာဖြစ်လို့လဲ Jungkook ရဲ့"

"အကြာကြီး အိပ်နေတာလေ စိတ်ပူသွားတာ"

ထိုအခါမှ အခန်းထဲမှ နာရီကိုကြည့်မိတော့ ညတောင်ရောက်တော့မည်..

"ဟုတ်သားဘဲ တိတ်ဆိတ်နေတော့ အိပ်လို့ကောင်းနေတာ"

"အခုလာခေါ်တာ ညစာစားဖို့"

"လိုက်ခဲ့မယ် သွားနှင့်"

"ကိုယ်ပူနေတာ မဟုတ်ဘူးမလား"

Taehyung နှဖူးထံရောက်လာသော Jungkook လက်

"မပူပါဘူးဆို ဒီတိုင်း အိပ်လို့ကောင်းလို့"

"ဒါဆိုလဲ တူတူသွားမယ်လေ စောင့်နေမယ်"

"ရလား?"

"ဘာလို့မရ ရမှာလဲ တစ်ခြားသူတွေ သင်တန်းတက်နေတုန်း"

"မျက်နှာသစ်ပြီး ထွက်ခဲ့မယ် ခဏနော်"

ကုတင်ပေါ် ထိုင်စောင့်နေသော Jungkook..

"ဒုံး!!"

ရေချိုးခန်းတံခါးထုလိုက်သံ တစ်ဆက်တည်း..

"Jungkook..Jungkook လုပ်ပါဦး"

ရေချိုးခန်းထဲ ပြေးဝင်လိုက်တော့ မျက်နှာမှာ ဆပ်ပြာတွေနဲ့ မျက်လုံးမှိတ်ကာ ပိတ်အော်နေသော Taehyung

"မျက်နှာသစ်ပြီး ရေဆေးမလို့ ပိုက်ကရေမလာတော့လို့ လုပ်ပါဦး"

"အော..ခဏ..ခဏနော်"

မျက်လုံးမှိတ်ကာ ကုန်းအော်နေသော Taehyung ကြောင့် သူပါ ပြာပြာသလဲလဲ..။

ရေပိုက်ခေါင်းကို သွားဖွင့်ကြည့်တော့လဲ ရေတကယ်မရှိ..

Taehyung ကိုကြည့်တော့လဲ မျက်လုံးကတော်တော် စပ်နေသည့် ပုံကြောင့် အပြင်ပြန်ထွက်ကာ မျက်လုံးကို ဝေ့ဝိုက်ကြည့်တော့မှ စားပွဲပေါ်မှာ ရေဘူးတစ်ဘူး

My Yoga Boy "ᥴ᥆m⍴ᥣᥱ𝗍ᥱꪶ"Where stories live. Discover now