Follow to the heart✔︎

1.2K 125 3
                                    

My Yoga Boy(Chapter 5)

Uni

မနက်မိုးလင်းတာနဲ့ ကိုယ့်ကျောင်းကိုယ် ပြန်ရတော့မည်..

ယခုပင် Taehyung သူ့သူငယ်ချင်းများအား နှင်ထုတ်နေခြင်း။

"မင်းတို့ကကွာ လေးရက်ထဲလေ လေးရက်လို့"

"ဒါဆို ငါတို့ပါလိုက်မယ်"

"ရူးနေလား အဖွားကို တစ်ယောက်တည်း"

Liam_"ဒါဆို မင်းပြန်လိုက်ခဲ့"

"ငါ ကလေးလဲ မဟုတ်ဘဲ ဘယ်လိုဖြစ်နေကြတာလဲ"

Cia_"နင်အဲ့လူကို မနေ့ကမှ တွေ့တာလေ အခုသူနဲ့ လိုက်သွားမလို့?"

"ပြောနေတာကလဲ ယောဂကျင့်တဲ့ ကျောင်းသွားတာလေ ပြောနေတဲ့ အဓိပ္ပာယ်က!!"

"လိုက်မှာလား မလိုက်ဘူးလား"

"လေးရက်ထဲလို့.."

"ပြောမရဆိုမရနဲ့ ဒါဆို တစ်ခုခုဆိုရင်တော့ လှမ်းပြောနော် သေချာပေါက်"

"သိပါတယ် ဒါဆို ငါ့ကို ပေးလိုက်တယ်ပေါ့"

"အရမ်းဖြစ်နေတာကို"

Jungkook အနားရောက်လာကာ သွားရန် လာခေါ်နေတာ မြင်သည်မို့

"ဒီတိုင်း ယောဂကျင့်ဖို့ သွားတာ အဟမ်း.."

"အော်အေး ယောဂကျင့်ဖို့"

သူ့ကို မျက်စောင်းထိုးကာ ပြောနေသည် ဒါမဲ့လဲ ဘာဖြစ်လဲ လိုက်သွားရဖို့က အဓိက
ကြိုက်သလောက် မျက်စောင်းထိုး။

"Taehyung ရပြီလား သွားမယ်"

"ရပြီ ဒါဆို သွားပြီ တာ့တာ"

သူငယ်ချင်းနှစ်ယောက်အား ပြုံးရွှင်စွာ လက်ပြပြီး ထွက်သွားသော Taehyung

သူတို့နှစ်ယောက်လဲ ပြန်ဖို့ အတွက် ကားဆီသို့သာ သွားလိုက်တော့သည်..Taehyung က ဘယ်လိုခေါ်ခေါ်ရမည့် ပုံလဲ မပေါ်။

Jungkook လက်ကို ဆွဲ၍ လိုက်နေတုန်း ကားနားမရောက်ခင် Nari ကိုတွေ့လိုက်တာကြောင့် အမြန်လက်ကို ပြန်ဆွဲထားသည်

"ဟင်.. ဘာဖြစ်လို့လဲ Taehyung "

"ဟို..ဟို အမ"

Taehyung ပြောသည့် နေရာကို ကြည့်လိုက်တော့ Nari

My Yoga Boy "ᥴ᥆m⍴ᥣᥱ𝗍ᥱꪶ"Where stories live. Discover now