Waiting for you✔︎

1K 106 2
                                    

My Yoga Boy(Chapter 9)

Uni

Taehyung ပြန်သွားတော့ တစ်ငိုငို တစ်ရီရီစဖြစ်သည်မှာ Nari ပင်

သူ့မှာ ယောဂ class တောင် ဝင်မတက်နိုင်..အခန်းထဲက အခန်းပြင်ကို မထွက််။

ဘယ်ကနေ ဘယ်လို အဲ့လောက် ဖြစ်သွားလဲ ပင်မသိလိုက်။

အမျိုးသမီးတစ်အုပ်စုမှာ Nari ဆီ ပြေးလိုက် ဆရာ Jeon ဆီ ပြေးလိုက်နှင့် အလုပ်ရှုပ်နေသည်

အကြောင်းမှာ ဆရာJeon သည်လည်း ဟိုကောင်လေး ပြန်ပြီး သိပ်မကြာ ထဖျားလေသည်။

ဆရာJeon ဆီ သတင်းသွားမေးလိုက် မုန့်ပို့လိုက် Nari ဆီသွားလိုက် မိန်းကလေးဖြစ်ပြီး ဘာလို့ အဲ့လောက် ထိဖြစ်နေတာလဲ

ဆူငေါက်ရလိုက်နှင့် ယောဂတွင် အာရုံရောက်မရောက်ပင် သေချာမသိတော့

ဆရာJeon ကတော့ အားနာလို့ သူ့ကို လာမကြည့်လဲ ရပါတယ်ဟု ပြောသော်လည်း သူတို့မှာ ဆရာJeon အမေအရွယ် အဒေါ် အရွယ်တွေ ဖြစ်တာကြောင့် ဂရုတစိုက်ပြုစုရင်းနှင့်သာ နလန် ပြန်ထူလာသည်

အတင်းစကားမဆို ဟာသစကားပုံစံဖြင့် အချင်းချင်းလဲ ဆိုသေးသည်

"ဆရာJeon ဟိုကောင်လေး ပြန်သွားလို့ လွမ်းပြီး ဖျားသွားတာ"

••

Nari လည်း အငေါက်ခံရခြင်းကြားထဲကမှ တစ်ခါတစ်ခါ ထထဖောက်သေးသည်။

သူနဲ့ ဘားမှလဲ မဆိုင်ဘဲ ဘာလို့ အဲ့လောက်ထိ ဖြစ်နေလဲ အမျိုးသမီးများမှာလည်း အဖြေရှာလို့မတွေ့။

တစ်ဖြည်းဖြည်း အဆူခံရတာများလို့လားပင် မသိ အရင်ကလောက်တော့Nari မဆိုးတော့ပေ။

ဆရာJeon လည်း သုံးရောက်လောက်သာ ဆက်တိုက်ဖျားပြီး ပြန်ကောင်းလာသည်မို့ အဆင်ပြေပြေ ရှိလျက်။

မနက်ဖြန် ဆိုလျှင်သည် သူတို့ တစ်လတာ ယောဂ သင်တန်း အစီအစဉ်ပြီးဆုံးတော့မည်။

အကုန် ကိုယ့်ပစ္စည်းကိုယ် သိမ်းစည်းကာ အမှတ်တရ လက်ဆောင်များလည်း အပြည့်။

နောက်ဆုံး အနေနဲ့ ယောဂ ကျင့်ကာ အကုန်စု ဓာတ်ပုံတူတူရိုက်ဖြစ်ခဲ့ကြသည်။

My Yoga Boy "ᥴ᥆m⍴ᥣᥱ𝗍ᥱꪶ"Where stories live. Discover now