Back To India✔︎(Extra)

1.3K 109 4
                                    

My Yoga Boy(Extra)

Uni

Jungkook ညနေဘက် အပြင်တစ်နေရာမှ ပြန်လာကာ အိမ်ထဲတွင် ကားထိုးလိုက်သည်။

ထို့နောက် ကားထဲမှ fileကို ယူလိုက်ကာ အိပ်ခန်းဆီသို့။

အိပ်ခန်းရှေ့ရောက်တော့လဲ ချက်ချင်း တံခါးဆွဲမဖွင့်သေးဘဲ အရိပ်အကဲကြည့်ရသေးသည်။

အထဲမှာ Taehyung ရှိမရှိ သူအပြင်မှ သုံးသပ်ပြီးမှ keyboard ရိုက်သံလေးကြားတာကြောင့် အထဲမှာ ရှိမှန်းသေချာပါသည်။

တံခါးကို အသာလေးဖွင့်လိုက်တော့ ကုတင်ဘောင်လေးက်ို ကျောမှီရင်း ခြေထောက်ဆန့်ကာ ထိုင်နေသည်။

သူ့ကို တစ်ချက်မော့ကြည့်ကာ ရီပြပြီး ပေါင်ပေါ်တင်ထားသည့် laptop ထံ အာရုံပြန်ရောက်သွားသည်။

လက်ထဲမှ fileကိုလဲ တွေ့သည့်ပုံမပေါ်။

"baeဘာတွေလုပ်?"

Bae ဟုတ်ပါသည်။ သူနောက်ပိုင်း Taehyung ကို bae ကို ခေါ်ဖြစ်သည်က ပိုများသည်။

"စာပို့်နေတာလေ ဘာနှိပ်နှိပ်မိမှန်းမသိဘူး ပျက်ပျက်သွားတယ်"

"ထားပါဦး ဒီက်ိုကြည့်"

"ခနလေး.."

"ကြည့်ပါဆို"

Taehyung ဘေးက လွတ်နေသည့် ကုတင်နေရာ ပေါ်တွင် ဝင်ထိုင်ကာ ပြောလိုက်တော့မှ လှည့်ကြည့်တော့သည်။

"ဘာကြီးလဲ?"

"ဖွင့်ကြည့်ရော့.."

လက်ထဲမှ file လေးကို ထည့်ပေးလိုက်တော့ စူးစမ်းလိုသည့် မျက်နှာထားလေးနှင့် သေချာလေး ကြည့်နေသည်။

ပြီးမှ file ထဲက ထွက်လာသည်က လေယာဉ်လက်မှတ်။

"ဟမ်!"

လက်မှတ်လေးကိုင်ပြီး အထဲထိ ဖွင့်ကြည့်တော့ သွားမည့်နေရာက india

သွားမည်ရက်က နောက်လေးရက်နေရင်။

အံ့ဩလွန်းလို့ ဘာစကားမှပင် မပြောနိုင်။

ဘေးမှ Jungkook ကို လှမ်းကြည့်တော့ သူ့ကို ပြုံးပြီးကြည့်နေသည်။ တကယ်ကို ချစ်စရာကြီး။

"ဒါကြီးက"

"လေယာဉ်လက်မှတ်လေ honeymoon ထွက်မယ်လို့ ပြောထားတယ်မလား တော်တော်များများ honeymoon အနေနဲ့သွားတဲ့ နေရာမဟုတ်ပေမယ့် သဘောကျတယ်မလား" လက်ကိုယူနမ်းကာပြောသည်။

My Yoga Boy "ᥴ᥆m⍴ᥣᥱ𝗍ᥱꪶ"Where stories live. Discover now