Promise with rings✔︎

1K 115 0
                                    

My Yoga Boy(Chapter 8)

Uni

အချိန်တွေ တစ်ရွေ့ရွေ့နှင့် ကုန်ဆုံးလာပြီး တစ်ရက်တစ်ရက် ယောဂသင်တန်းတွေမှာ ဝင်ကျင့်လိုက်နှင့်။

Taehyung ဒီကိုရောက်နေတာ လေးရက်မြောက်နေ့..သူမနက်ဖြန် အဖွားတို့ရှိသည့် ကျောင်းဆောင်ကိုပြန်ကာ germany ပြန်ရတော့မည်..

စိတ်ထဲမှာ သိနေသော်လည်း အပြင်ဘက်မှာတော့ ဘားမှ မဖြစ်သည့် ပုံဖြင့်သာနေသည်..

Jungkook ကိုကြည့်တော့လဲ မျက်နှာတော့ သိပ်မကောင်းပေမယ့် သူ့ကိုမြင်ရင်တော့ ဘားမှမဖြစ်သည့် ပုံသာ ပေါ်သည်

ဒီနေ့မနက်လဲ အခန်းအပြင်ထွက်ကာ သင်တန်းကျောင်းဘက်ကိုကြည့်တော့ ဟိုလူကို ကူပြပေး ဒီလူကို ကူပြပေးနှင့် အလုပ်ရှုပ်နေသော Jungkook

ကြည့်နေတုန်း လက်ထဲမှ တစ်ခုခုကို တွေ့လိုက်သည်နှင့် လူက မေးခွန်းပေါင်းစုံနှင့်။

Jungkook သင်တန်းမှ လူတစ်ချို့ပြပြီး Taehyung အခန်းဘက် လှမ်းကြည့်မိတော့ အခန်းအပြင်မှာ ရပ်နေသည့် ကောင်လေး။

ရုတ်တရက် မျက်နှာမဲ့သွားသည်ကိုတွေ့ဖြစ်အောင် တွေ့မိသည်

စိတ်ထင် မနက်ဖြန် ပြန်ရတော့မှာမလို့ စိတ်မကောင်းဖြစ်နေသည် ထင်တာကြောင့် အနားသွားလိုက်ကာ

"ဟိတ် ဘာတွေဖြစ်?"

"မဖြစ်ပါဘူး.."

"သေချာလို့လား"

"အင်းး ရေချိုးလိုက်ဦးမယ်နော်"

"အကြာကြီး မချိုးနဲ့နော် အပြင်မှာ အေးတယ်"

ခေါင်းငြိမ့်ပြ၍သာ အခန်းထဲ ပြန်ဝင်သွားသည်
ရေချိုးနေရင်း..

"အဲ့ဟာက ဘာလဲ? ငါတို့က flirt ရုံသက်သက်ဘဲလား? "
တွေးနေတဲ့ အတွေးပေါင်းစုံ ရေနဲ့သာ ရောချလိုက်ချင်ပါရဲ့။

ရေချိုးပြီး ထွက်လာသော Taehyung မှာလဲ ငိုင်တိုင်တိုင်။

မုန့်အနည်းငယ်စားပြီး ဗိုက်ပြည့်သည်ဟု ဆိုကာ yoga club သွား joinနေသည်မှာ တော်တော်ကြာပြီ..

အစကတည်းက မနက်ဖြန် ပြန်ရတော့မှာကြောင့် ဝမ်းနည်းနေကာမှ မနက်က တွေ့လိုက်သည့် Jungkook ဘယ်ဘက်လက် လက်သန်းကြွယ်က လက်စွပ်ကြောင့် ပို့အာရုံ နောက်သွားသည်..

My Yoga Boy "ᥴ᥆m⍴ᥣᥱ𝗍ᥱꪶ"Where stories live. Discover now