Only 4 days✔︎

1.2K 126 2
                                    

My Yoga Boy(Chapter 4)

Uni

"ကိုယ်ပေါ့.."

"အမ်.. ကျွန်တော် ကျွန်တော်"

ဒီကောင်လေးတော်တော် မလွယ်ပါလား။

"korea လူမျိုး အစစ်လား"

"အော ဟုတ်တယ် မင်းရော?"

"Kim Taehyung..နာမည်က"

"ဒါဆို Taehyung ရော?"

"ကပြားလေ Germany တစ်ဝက် korea တစ်ဝက်"

"ကပြားတွေက တကယ်ချောတာဘဲ"

Jungkook ပါးစပ်ကနေပင် ထုတ်ပြောမိသည်

Taehyung မျက်နှာလေး ခေါင်းငုံ့သွားကာ အသားဖြူလွန်းသည့် သူကြောင့် ပါးလေးတွေ ရဲနေတာလည်း အထင်းသား။

"ခင်များ..ခင်များ နာမည်ကရော"

"ဟမ်"

"ကျွန်တော်လဲ နာမည်ပြောပြတယ်လေ ပြန်ပြောရမှာပေါ့"

"အင်းပါ Jeon Jungkook"

"လျှောက်ပတ်ကြည့်မလား"

ခုနက ကြည့်ပြီးသော်လည်း ထိုကောင်လေးနှင့် ထပ်သွားချင်သည်မို့ မသွားဖူးသည့် ပုံဖြင့် Jungkook လိမ်လိုက်သည်

"သွားမယ်လေ မသွားရသေးဘူး"

"လာ..လာ"

Jungkook အကျီစလေးတွေ ဆွဲကာ ခေါ်သွားသော Taehyung..

နှစ်ယောက်လုံး ရောက်ဖူးပြီးသား သူတွေမို့ အထူးတလည် ရှင်းပြစရာမရှိ။

Ash foundation ထဲတွင် လူတွေများသည်..
Cameraတော့ ယူလို့မရပေ။

လူများသော်လည်း တိတ်ဆိတ်နေသည်..
ကလေးငိုသံပင် မကြားရ။

အကုန်လုံး ကိုယ်စီကိုယ်စီ meditation လုပ်နေကြသည်။

Taehyung Jungkook အကြောင်း ပိုသိချင်လာကာ

"Jungkook shii က ဘယ်ကျောင်းမှာလဲ"

Jungkook သူနေသည့် နေရာ ပြောပြလိုက်တော့ သေချာမှတ်နေသည်

"ကျွန်တော်လာခဲ့မယ်"

"အဲ့လို လာလို့ရလား"

"ရတယ် တစ်ရက်ကို ₹1000 တဲ့(rupee 1000)"

"မများလွန်းဘူးလား"

"အေးဆေးပါ"

Jungkook ကို မျက်လုံးပါ မှိတ်ပြသည်

My Yoga Boy "ᥴ᥆m⍴ᥣᥱ𝗍ᥱꪶ"حيث تعيش القصص. اكتشف الآن