2

3.3K 339 9
                                    

ရှောင်းကျန့် ဒီနေ့အလုပ်ကိစ္စပါးတုန်း မှတ်မှတ်ရရ ဝမ်ကျိုးချန်အိမ် သွားဖို့ပြင်သည်။ တစ်ကယ်တမ်းတော့ ဝမ်ကျိုးချန်နှင့်တွေ့ချင်သည်ဆိုတာထက် ဝမ်ရိပေါ်ဆိုသည့် အကျောတင်းအချေလေးကိုတွေ့ဖူးချင်လို့ဖြစ်သည်။

ရှောင်းကျန့် ဝမ်ကျိုးချန်ကိုဖုန်းဆက်လိုက်သည်။

" ဟယ်လို ကျိုးချန် မင်းဘယ်မှာလဲ "

" ငါ အိမ်မှာ "

" အေး ငါမင်းအိမ်လာမလို့။ ဒါနဲ့ မင်းညီရော အိမ်မှာရှိလား..."

" အေးရှိတယ် ဘာလဲ မင်းက ငါ့နားလာမယ်အကြောင်းပြပြီး ငါ့ညီကိုလာတွေ့မလို့လား "

" အေး သူ့ကြောင့် အဟားခံလိုက်ရတာမလို့ မင်းညီကို ငါတွေ့ဖူးချင်လို့ "

ရှောင်းကျန့်စကားကြောင့် ဝမ်ကျိုးချန်သဘောကျစွာရယ်သည်။ ပြီးမှ ငါစောင့်နေမည်တဲ့....။

ရှောင်းကျန့် ဝမ်အိမ်တော်ရှေ့ရောက်သည့်အခါ ခြံဝကနေကားဟွန်းတီးလိုက်သည်။ ဒါကြောင့် ခဏအကြာ ခြံဝမှာ ချွေးသံတစ်ရွဲရွဲနှင့်ပေါ်လာသည့် ကောင်ကလေးတစ်ယောက်။

ထိုကောင်လေးသည် တစ်ကိုယ်လုံးသည် ရွံ့များနှင့်ညစ်ပတ်နေသည်။ ဒါကြောင့် ဒီကောင်လေးသည် ဝမ်အိမ်တော်ရဲ့ ခြံသန့်ရှင်းရေးလုပ်သည့် လုပ်သမားလေးဖြစ်ရမည်။

" ညီလေး အကိုက ဝမ်ကျိုးခြံရဲ့သူငယ်ချင်းပါ သူနဲ့ချိန်းထားလို့ "

ရှောင်းကျန့်စကားကြောင့် ရှောင်းကျန့်ကို တည်တင်းတင်းလေးကြည့်နေသည့် ကောင်လေးဟာ ခြံတံခါးကြီးကို တစ်ဒိုင်းဒိုင်းမည်အောင်ဖွင့်ပေးလာသည်။ ဒါကြောင့် ရှောင်းကျန့်သည် ကားလေးကိုခြံထဲမောင်းဝင်လာရင်း ထိုကောင်လေးကို ကျေးဇူးတင်စကားပြောလာခဲ့သည်။

" ကျေးဇူးပဲနော် ညီ..."

ရှောင်းကျန့်ကကျေးဇူးတင်စကားပြောကြားပေမယ့် ခြံတံခါးပြန်ပိတ်ကာ ပန်းခြုံတွေရှိရာဘက်ထွက်သွားခဲ့သည့် ကောင်ကလေးသည် ရှောင်းကျန့်ကို အကြည့်တစ်ချက်လေးတောင် ပေးမလာခဲ့တော့ပေ။

အော်..... ဝမ်ကျိုးချန်တို့အိမ်ရဲ့ ခြံအလုပ်သမားလေးက စကားမပြောတက်ယုံမက နားပါကောင်းကောင်းမကြားဘူးရော....။

ဦးရဲ့ ဂျစ်တူးလေး ( completed ) Where stories live. Discover now