part 49

1.5K 174 7
                                    

စားသောက်ဆိုင်တစ်ဆိုင်က စားပွဲဝိုင်းတစ်ဝိုင်းတည်းမှာ အတူထိုင်ဖြစ်ကြသည့် ဝမ်ရိပေါ်၊ ရှောင်းကျန့် ၊ လီလီ၊ ရှောင်းပါပါးနဲ့ ရှောင်းပါပါး၏ ဒုတိယဇနီး။ အစက လီလီရဲ့ပါပါးနဲ့မာမားဆိုတဲ့စကားအဆုံး ရှောင်းပါပါးနဲ့ ရှောင်းပါပါးရဲ့ နောက်အိမ်ထောင်ဖက်ကိုတွေ့လိုက်ရသည့် ရှောင်းကျန့်ဟာ ထိုနေရာမှဒေါသကြီးစွာ ထွက်ခွာဖို့ပြင်လိုက်ပေမယ့် ရှောင်းကျန့်လက်ကိုလိုက်ဆွဲသည့် လီလီနဲ့ ဝမ်ရိပေါ်ရယ်ကြောင့် ရှောင်းကျန့်ခြေလှမ်းတွေရပ်လိုက်ရသည်။ ထိုအခါ ရှောင်းပါပါးသည် ရှောင်းကျန့်ရှေ့ရောက်လာပြီး တောင်းပန်နေသည့်အကြည့်တွေနဲ့ကြည့်ကာ တောင်းပန်စကားဆိုလာသည်။ ထို့အတူ ရှောင်းပါပါးရဲ့ဒုတိယအိမ်ထောင်ဖက်ကပါ သူမပါမှားယွင်းခဲ့ကြောင်း တောင်းပန်စကားဆိုလာသည်ကြောင့် နောက်ဆုံး ရိပေါ်နှင့်လီလီက ဒီအတိုင်းလမ်းမှာစကားရပ်ပြောနေတာထက်စာရင် ဆိုင်တစ်ဆိုင်ကိုသွားသင့်ကြောင်းပြောကာ ရှောင်းကျန့်လက်ကိုဆွဲ၍ထွက်လာသည်​ကြောင့် ယခုအခါရှောင်းကျန့်သည် ဝမ်ရိပေါ် လီလီ ရှောင်းပါပါးနှင့် ရှောင်းပါပါး၏ ဒုတိယဇနီးတိုနဲ့အတူ  စားသောက်ဆိုင်တစ်ဆိုင်၏ စားပွဲတစ်ဝိုင်းတည်းမှာ အတူထိုင်ဖြစ်နေခဲ့ကြသည်။

ရှောင်းကျန့်သည် အေးစက်စက်မျက်နှာတည်ကြီးနှင့်ထိုင်နေပြီး ရှောင်းပါပါးနှင့် ရှောင်းပါပါး၏ဒုတိယဇနီးမှာ မျက်နှာငယ်လေးနဲ့ထိုင်နေကြသည်။ ကြားထဲက ဝမ်ရိပေါ်နှင့်လီလီကတော့ ကာယကံရှင်နှစ်ဖက်အခြေအနေကို လိုက်ကြည့်နေရင်း။ ထိုအခြေအနေမှာ စကားစပြောလာသည့် ရိပေါ်။

" လီလီ "

" ဟင် ရိပေါ် "

" ဟိုလေ ငါတို့နှစ်ယောက် မုန့်သွားဝယ်ကြမလား.."

ရိပေါ်ရဲ့စကားကြောင့် လီလီရုတ်တရက်ကြောင်သွားခဲ့ပေယ့် ယခုအချိန်မှာ ပါပါးတို့နဲ့ကိုကိုတို့ဟာ စကပြောဖို့လိုနေမည်ဖြစ်ကြောင်း နားလည်လိုက်သည့်လီလီက ချက်ချင်းခေါင်းလေးငြိမ့်ကာ ထိုင်ရာမှထသည်။

" အင်း ငါတို့မုန့်သွားဝယ်ကြရအောင် ရိပေါ် "

လီလီသည် ရိပေါ်လက်ကိုဆွဲလို့ ပါပါးတို့ကိုကိုတို့ရှိနေသည့် ဝိုင်းလေးမှ အမြန်ဆုံးထွက်ခဲ့လိုက်သည်။ ထို့နောက်ဆိုင်အပြင်ရောက်လေမှ သက်ပြင်းအသာချကာ ရိပေါ်လက်ကိုလွတ်ပေးလိုက်သည်။

ဦးရဲ့ ဂျစ်တူးလေး ( completed ) Where stories live. Discover now