35

1.7K 196 6
                                    

ရှောင်းကျန့်တစ်ယောက်ထဲ ကမ္ဘာပျက်နေရသည်။ အကြောင်းရင်းက ဝမ်ရိပေါ်ကရှောင်းကျန့်ကိုစိတ်ဆိုးသွားလို့။ စိတ်ဆိုးတာထက် စိတ်နာသွားသည်ဆိုတာမှန်လောက်သည်။ ဒီတစ်ခါဝမ်ရိပေါ်ရှောင်းကျန့်ကိုစိတ်ဆိုးတာသည် ချော့၍မရ ခြောက်၍မရပါသော။ ချော့ဖို့မပြောနှင့် လူပင်မမြင်တွေ့ရသည့်အခါ ရှောင်းကျန့်တစ်ယောက် အိမ်မက်ဆိုးတွေမက်နေရသည်။

ရှောင်းကျန့် Jk တို့ကိုခွင့်တောင်းပြီး တွေ့ခွင့်ရအောင်ကြိုးစားကြည့်သည်။ ဒါပေမယ့် ဝမ်ရိပေါ်က မွေးနေ့အတွက်အလုပ်ရှုပ်နေသည်အကြောင်းပြပြီး ထွက်မလာခဲ့ဘူး။ ရှောင်းကျန့်ဝမ်အိမ်တော်အထိရောက်သွားပြီးပြီ နေမကောင်းဘူးဆိုတဲ့အကြောင်းပြချက်နဲ့ ထွက်မတွေ့ဘူး။

ယခုလိုဝမ်ရိပေါ်စိတ်ဆိုးနေတာက ရှောင်းကျန့်အတွက် နေ့တာရှည် ညတာရှည်လွန်းတဲ့အိပ်ပျက်ညတွေလိုပါပဲ။ ထမင်းလုံးတစေခြောက်ခံနေရလို အချိန်တိုင်းဟာသွေးပျက်နေခဲ့ရသည်။ ရှောင်းကျန့် သူမှားသည်ဆိုသည့်အကြောင်းကို တောင်းပန်ဖို့ကြိုးစားနေပေမယ့် ကာယကံရှင်လေးဖြစ်သည့် ဝမ်ရိပေါ်ကတော့ အေးစက်စွာ သွေးအေးစွာ တစ်ချက်လေးတောင် ထွက်မတွေ့ခဲ့။

ကမ္ဘာပျက်နေပါသည်ဆိုမှ လေတိုက်နှုန်းတွေကမြန်ဆန်လွန်းပါသော ဒီအပျက်အစီးတွေကြား ရှောင်းကျန့်တစ်ယောက် အသက်ပင်ကောင်းကောင်းရှူမဝတော့ပါ။

Jk ကပြောပြသည် ချင်းချင်းသည် အတူနေယောကျာ်းတစ်ယောက်ရှိသည်တဲ့။ ပြီးတော့ သူမ ရှောင်းကျန့်နားကိုကပ်တာလဲ သူမရဲ့အတူနေအမျိုးသားရဲ့ ငွေကြေးအခက်အခဲကြောင့်တဲ့။ ပြီးတော့ သူမသည် ဝမ်ရိပေါ်ကို ရုံးခန်းထဲထိခေါ်ပြီး ကိုယ်ထိလက်ရောက်ပြုမူခဲ့လေသော။ ဝမ်ရိပေါ်ကို ရုံးခန်းထဲထိခေါ်ပြီး ရှောင်းကျန့်နားကထွက်သွားဖို့ မောင်းထုတ်ခဲ့လေသော မိန်းမတစ်ယောက်သာဖြစ်သည်တဲ့။ ဒါဆိုသူမသည် ဝမ်ရိပေါ်အပေါ် တရားဝင်စစ်ကြော်ငြာခဲ့လေသော မိန်းမတစ်ယောက်။ ဒါကြောင့် ဝမ်ရိပေါ်သည် သူ၏ရန်သူဖြစ်သော သူမနှင့် သူ၏ချစ်သူဖြစ်သော ရှောင်းကျန့်ကိုအတူတွဲမတွေ့နိုင်တာ သဘာဝသာဖြစ်သည်။ ဒါကြောင့် ဝမ်ရိပေါ်သည် ရှောင်းကျန့်ကို သူမနှင့်ဆက်မတွဲဖို့ ဆက်ပြီးမခင်ဖို့ နည်းမျိုးစုံဖြင့်တားခဲ့ပေမယ့် ရှောင်းကျန့်ကသာ သူ၏ချစ်သူဝမ်ရိပေါ်စကားကို နားမထောင်ခဲ့လေသော။ သူငယ်ချင်းဆိုပြီး မသမာနည်းနဲ့သူ့နားကပ်လေသော ချင်းချင်းကိုသာ အားနာမှုနဲ့ဂရုစိုက်ခဲ့မိသော ရှောင်းကျန့်တစ်ယောက်ထဲ၏အပြစ်သာဖြစ်သည်။

ဦးရဲ့ ဂျစ်တူးလေး ( completed ) Where stories live. Discover now