47

1.7K 184 8
                                    

" ရိပေါ် "

" အင်း ပြောလေ V "

စာသင်ခဏနားချိန်လေးမှာခေါ်လာတဲ့ V ကိုရိပေါ်ထူးသည့်အခါ V ကရိပေါ်ကို ညိုတိုတိုမျက်ဝန်းတွေနဲ့ကြည့်လာခဲ့သည်။

" ငါ jk နဲ့ အီတလီကိုလိုက်သွားတော့မှာ "

" ဘာ..."!

V ရဲ့စကားကြောင့် အံ့သြသင့်စွာပြန်မေးသည့်အခါ V ကပြန်ဖြေလာသည်။ V ရဲ့ အဖေက V နဲ့ Jk အကြောင်းကိုသိသွားကြောင်း။ ဒါကြောင့် Jk ကို V ရဲ့ပါပါး ကုမ္ပဏီခွဲရှိတဲ့ အီတလီကိုထွက်သွားခိုင်းကြောင်း။ ဒါကြောင့် V က Jk ကိုတစ်ယောက်တည်းမလွတ်နိုင်ဘူးပြောတဲ့အခါ V ရဲ့အဖေက စိတ်ဆိုးကာ V ကိုပါ Jk နဲ့အတူထွက်သွားဖို့ ပြောလာကြောင်းရှင်းပြသည်ကြောင့် ရိပေါ်သက်ပြင်းအသာချသည်။

" V "

" အင်း ရိပေါ် "

" မင်း ပါပါးက မင်းနဲ့ Jk ကိုဘာလို့ကောင်းကောင်းသဘောမတူတာလဲတဲ့ "

ရိပေါ်စကားကြောင့် မဲ့မဲ့လေးပြုံးသည့် V က စကားတိုးတိုးဆိုသည်။

အဓိကပြသနာက ယောကျာ်းလေးနှစ်ယောက်ဖြစ်နေလို့ပါတဲ့...။

.
.
.

ကျောင်းဆင်းတဲ့အချိန်မှာ အတန်းထဲကအတူတစ်ကွထွက်လာကြတဲ့ ရိပေါ် နဲ့ V က သူတို့ကိုလာကြိုသည့်ကားပေါ်မတက်ခင် တစ်ယောက်ကိုတစ်ယောက် ထွေးဖက်ထားလိုက်ကြသည်။ မကြာခင်ခွဲရတော့မယ့် သူငယ်ချင်းတွေမလား။ လူကြီးနှစ်ယောက်ကလည်း သူတို့အဖြစ်ကိုသိတယ်ထင်တယ် ဘေးနားမှာငြိမ်သက်စွာရှိနေကြတယ်။

" အရာအားလုံးအဆင်ပြေပါစေ V "

" အင်း ငါ့ကိုလည်းအမြဲတမ်းသတိရနေပေးပါ ရိပေါ်"

V ရဲ့စကားကိုခေါင်းလေးအသာငြိမ့်သည့်ရိပေါ်က V ရဲ့ပခုံးကိုတင်းကျပ်စွာဖက်ထားပေးသည်။ တက္ကသိုလ်ရောက်မှခင်ခဲ့ရသည့် သူငယ်ချင်းလေးဖြစ်ပေမယ့် V ကို ရိပေါ်တစ်ကယ်ခင်ပါသည်။

" အဆက်သွယ်မပျက်နဲ့နော် V "

" စိတ်ချပါရိပေါ် ငါမင်းကိုအမြဲတမ်းအဆက်အသွယ်လုပ်ပါ့မယ် "

ဒီလိုနဲ့သူငယ်ချင်းနှစ်ယောက် တစ်ယောက်ကိုတစ်ယောက် တင်းကျပ်စွာဖက်ပြီး နှုတ်ဆက်ကာ ကိုယ်စီလာကြိုသည့်ကားထဲဝင်ထိုင်ကြတော့ ကားအပြင်ဘက်မှာကျန်နေခဲ့သည့် လူကြီးနှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် ကြည့်လာကြသည်။

ဦးရဲ့ ဂျစ်တူးလေး ( completed ) Where stories live. Discover now