11

2K 265 9
                                    

ဝမ်ရိပေါ်ရှိနေတဲ့ 85ဆိုင်ကယ်အရောင်းပြခန်းက ရုံးခန်းရှေ့ရောက်နေသည့်ရှောင်းကျန့်။ ဝမ်ရိပေါ်ဟာ အထက်တန်းစာမေးပွဲအပြီး ကျောင်းခဏနားချိန်တွင် အရောင်းပြခန်းကိုသူကိုယ်တိုင်ဦးစီးနေသည်လေ။ ရှောင်းကျန့်သည်လည်း အလုပ်တစ်ဖက်နှင့်မအားသည့်ကြားက ကလေးပေါက်လေးစိတ်ဆိုးနေတာ မချော့ရသေးတာကြောင့် ဘာလုပ်လုပ်စိတ်ကမဖြောင့်။ ဒါကြောင့်လုပ်လက်စအလုပ်တွေချထားကာ ကလေးပေါက်လေးရှိရာရောက်လာခဲ့တော့ ကလေးပေါက်လေးက အရောင်းပြခန်းမှာတာဝန်ရှိသူတွေနဲ့ အစည်းဝေးလုပ်နေသည်တဲ့။ ဒါကြောင့်ရှောင်းကျန့်သည်လည်း ရုံးခန်းရှေ့ကခုံလေးမှာထိုင်စောင့်နေခဲ့ရင်း....။

ခဏအကြာ ရုံးခန်းတံခါးဖွင့်သံလေးနှင့်အတူ ထွက်လာသည့်ဝန်ထမ်းတွေကြောင့် ကလေးပေါက်လေးလုပ်တဲ့အစည်းအဝေးဟာ ပြီးဆုံးသွားပြီမှန်းရှောင်းကျန့်သိလိုက်ရသည်။ ရုံးခန်းထဲကလူတွေလည်း ကုန်သလောက်နီးပါးထွက်သွားခဲ့ပြီဖြစ်တာကြောင့် ရှောင်းကျန့်ထိုင်ရာမှထကာ ရုံခန်းထဲဝင်လိုက်သည်။ ရုံခန်းထဲမှာတော့ အလုပ်စားပွဲမှာထိုင်ကာ အရောင်းစာရင်းတွေကြည့်နေသည့်ဝမ်ရိပေါ်။

ဝမ်ရိပေါ်ဟာ ရုံးခန်းထဲဝင်လာသည့် ရှောင်းကျန့်ကိုမော့ကြည့်ကာ တစ်ချက်တော့အံ့သြသလိုလေးဖြစ်သွားပေမယ့် ချက်ချင်းပင်ခေါင်းလေးပြန်ငုံ့ကာ စာရင်းတွေကိုပြန်ကြည့်နေသည်။

ဒီတစ်ခေါက်ဝမ်ရိပေါ်စိတ်ကောက်တာ တော်တော်ရှည်ကြာသည်။ တော်တော် ကောက်ကြောရှည်သည့်ကလေးပေါက်လေး။ ဒါပေမယ့် အပြစ်လည်းမဆိုတာ။ ဘာရယ်ကြောင့်မသိ ကလေးပေါက်လေးစိတ်ဆိုးစိတ်ကောက်နေရင် အနေမတက်တော့သည့်ရှောင်းကျန့်ဟာ ကလေးပေါက်လေးစိတ်ကောက်ပြေဖို့အရေး ချော့နေဖို့သာအားသန်လာသည်။

" ရိပေါ် "

"... "

အကြောတင်းလေးက ထူးဖို့နေနေသာသာမော့တောင်မကြည့်။

" ဝမ်ရိပေါ် "

"..."

ဒီတစ်ခေါက်ဝမ်ရိပေါ်ဟာ စိတ်တော်တော်ဆိုးသွားသည်ထင်တယ်။ လုံးဝကိုရှောင်းကျန့်အား ဥပေက္ခာပြုထားသည်။

ဦးရဲ့ ဂျစ်တူးလေး ( completed ) Where stories live. Discover now