15

2.1K 259 12
                                    

ရှောင်းကျန့်ရဲ့ချစ်တယ်ဆိုတဲ့စကားကြောင့် ရှောင်းကျန့်မျက်နှာကို မျက်ပေတုံးလေးတွေနဲ့စိုက်ကြည့်လာသည့် ဝမ်ရိပေါ်။

" ဘယ်လိုချစ်တာလဲ "

" အမ်း... ဘာမေးတာလဲ "

" ဦးက ကျွန်တော့ကိုဘယ်လိုချစ်တာလဲလို့မေးတာ.."

" အော် ကိုယ်ကလား ကိုယ်ကမင်းကို တူလိုသားလိုမဟုတ်ပဲ ချစ်သူရည်းစားလိုချစ်တယ်ဆိုတာ ကိုယ်ဖွင့်ပြောတာပါ..."

" အော်..."

ရှောင်းကျန့်ရဲ့ချစ်တယ်ဆိုတဲ့စကားကို ခေါင်းလေးသာငြိမ့်ပြသည့်ဝမ်ရိပေါ်ဘက်က ထူးခြားသည့်ဟန်မပြသည်ကြောင့် ရှောင်းကျန့်စိတ်တွေက အစိုးမရတော့ပါ။

" ရိပေါ် ဝမ်ရိပေါ် ကိုယ်ကမင်းကိုချစ်တယ်လို့ဖွင့်ပြောနေတာလေ ဒါကိုမင်းဘက်က ဘားမှမခံစားရဘူးလား..."

ရှောင်းကျန့်မေးခွန်းအဆုံး ခေါင်းလေးငုံ့ကာစကားဖြေလာသည့် ဝမ်ရိပေါ်။

" ကျွန်တော်က ကလေးပဲရှိသေးတယ်လေ ရည်းစားထားဖို့ အသက်မပြည့်သေးဘူး "

" ဘာ..."!

" ဟုတ်တယ်လေ ဦးကပြောတာ ကျွန်တော်က ကလေးပဲရှိသေးတာမလို့ ရည်းစားမထားရဘူးလို့.."

" အဲ့ဒါက "!

" ကျွန်တော်အသက်ပြည့်မှ ဒီစကားဆက်ပြောမယ်..."

" ဘာ.."!

" အခုတော့ ကျွန်တော်ဗိုက်ဆာနေပြီမလို့ အိမ်ပြန်ပို့ပေး...."

" ရိပေါ် ကိုယ်က..."

" ကျွန်တော် ဗိုက်ဆာနေပြီ..."

" ရား ဝမ်ရိပေါ်ရာ..."

နောက်ဆုံး ဂျစ်တူးလေးစကား​ကြောင့် သက်ပြင်းအသာချပြီး ကားမောင်းထွက်ခဲ့ရသည့်ရှောင်းကျန့်။ ချစ်လို့ချစ်တယ်ဖွင့်ပြောတာတောင် အဖြူအမဲ မပြသပဲ သူက ကလေးမလို့ ရည်းစားမထားသေးဘူးဆိုတဲ့ အကြောင်းပြချက်နဲ့သာ လျော့ချသွားတဲ့စကားကြောင့် ရှောင်းကျန့်စိတ်တွေတစ်ကယ်ညစ်​ထွေးသွားရသည်။

ချစ်ဖို့အရမ်းကောင်းသည့် အကောင်ပေါက်လေးနားမှာ သိပ်လှလွန်းသည့် အလှပဂေးလေးရှိနေတော့ ရှောင်းကျန့်စိတ်မချဖြစ်ပြီး ဖွင့်ပြောမိတာ မှားမယ်မထင်ဘူး။

ဦးရဲ့ ဂျစ်တူးလေး ( completed ) Where stories live. Discover now