8

2.2K 296 6
                                    

ရိပေါ်စားပြီးသောက်ပြီးမှ ရိပေါ်ကိုအိမိပြန်ပို့ဖို့ပြင်သည့်ရှောင်းကျန့်ဟာ ဖတ်ထုတ်ဖိုးရှင်းပြီး ရိပေါ်နှင့်အတူဆိုင်အပြင်ထွက်လာခဲ့သည်။ ဆိုင်အပြင်ဘက်ရောက်ခါနီးတွင် ရှောင်းကျန့်ဖုန်းကမြည်တာသည်ကြောင့် ရှောင်းကျန့်ဟာဖုန်းကိုင်ဖို့ကြိုးစားလိုက်စဉ် ဆိုင်ထဲဝင်လာသည့်မိန်းကလေးတစ်ယောက်နဲ့ မတော်တဆတိုက်မိသွားသည်။ ဒါကြောင့်ရှောင်းကျန့်ဟာ ဖုန်းကိုအာရုံထားလိုက်မိတာ သူ၏အမှားမလို့ ထိုမိန်းကလေးကြမ်းပြင်ပေါ်လဲမကျသွားခင် အမြန်ဆုံးထိန်းကိုင်ပေးလိုက်သည်။ ထို့ကြောင့် ရှောင်းကျန့်ဖုန်းဟာ ကြမ်းပြင်ပေါ်သို့အရှိန်နှင့်ကျသွားကာ အစိတ်စိတ်အမွှာမွှာကွဲကြေသွားခြင်းသို့....။

" ဟို တောင်းပန်ပါတယ်ခင်ဗျ "

ရှောင်းကျန့်ဟာ သူ၏အမှားမလို့ တစ်ဖက်မိန်းကလေးကိုတောင်းပန်လိုက်သည်။

" ရှောင်းကျန့် "

ရှောင်းကျန့်တောင်းပန်လိုက်သည့်အခါ ခေါ်လာသည့်တစ်ဖက်မိန်းကလေးအသံကြောင့် ရှောင်းကျန့်သည် ထိုမိန်းကလေးကို သူ၏အသိများလားဆိုသည့်စိတ်နှင့် ကြည့်မိသည့်အခါတွင်လည်း စိတ်ထဲမှာရင်းနှီးသလိုမခံစားရတာကြောင့် ထိုမိန်းကလေးကိုငေးကြောင်ပြီးကြည့်နေမိသည်။ ဒါကြောင့် ထိုမိန်းကလေးကပါဇဝေဇဝါနဲ့ရှောင်းကျန့်ကို ပြန်မေးလာသည်။

" ရှောင်းကျန့်ဝုတ်တယ်မလားဟင်..."

" ဟုတ်ပါတယ်ခင်ဗျ "

ရှောင်းကျန့်ဆိုတာ သူ၏နာမည်မလို့ ဟုတ်မှန်ကြောင်းခေါင်းငြိမ့်သည့်အခါ တစ်ဖက်မိန်းကလေးသည် ပျော်ရွှင်စွာခေါင်းလေးငြိမ့်လာသည်။

" ငါထင်လိုက်တာမှန်သားပဲ နင်ကရှောင်းကျန့်ဆိုတာ။ နင်ငါ့ကိုမမှတ်မိဘူးလားရှောင်းကျန့်။ ငါ ချင်းချင်းလေ..."

" ချင်းချင်း "!

" အိုး..နင် ငါ့ကိုတစ်ကယ်မမှတ်မိတာ ငါတစ်ကယ်စိတ်မကောင်းဘူးရှောင်းကျန့်။ ငါချင်းချင်းလေး နင်မမှတ်မိဘူးလား ငါတို့ အလယ်တန်းမှာ အတူဆုံဖူးတယ်လေ။ ပြီးောတ့အထက်တန်းရောက်မှ နင်ကျောင်းပြောင်းသွားလို့..."

ဦးရဲ့ ဂျစ်တူးလေး ( completed ) Where stories live. Discover now