18

2K 284 12
                                    

ရိပေါ်နှုတ်ဖျားကထွက်လာသည့် ဆရာမချင်းချင်းကိုသွားခေါ်ဆိုသည့်စကားသံကြောင့် ရှောင်းကျန့်ရိပေါ်မျက်နှာလေးကို သေချာစိုက်ကြည့်လာသည်။

" မဟုတ်မှလွဲရော ရိပေါ်လေးက ကိုယ့်ကို အူတိုနေတာလား..."

" အူတိုရအောင် ဦးနဲ့ ကျွန်တော်က ဘာမလို့လဲ... "

" ချစ်သူတစ်ဝမ်းကွဲတော်တယ်လေ..."

ရှောင်းကျန့်စကာကြောင့် မျက်မှောင်လေးကုတ်သွားသည့် ဝမ်ရိပေါ်။

" ဘာလဲ ချစ်သူတစ်ဝမ်းကွဲက "

" မင်းကမှာကိုယ့်ချစ်တယ်လို့ပြောထားတာ အဖြေမှအတိအလင်းပြန်မပေးသေးတာ။ ဒါကြောင့်ကိုယ်ကအခုမင်းရဲ့ ချစ်သူတစ်ဝမ်းကွဲလို့။ ဒါပေမယ့် ရိပေါ်လေးအသက်၁၈နှစ်ပြည့်လို့ အဖြေပေးရင်တော့ ကိုယ်က ချစ်သူအရင်းကြီးဖြစ်သွားမယ့်သူလေ..."

ရှောင်းကျန့်စကားကြောင့် ရိပေါ်ဟာရှောင်းကျန့်မျက်နှာကို စကားမနိုင်သလိုကြည့်သည်။

အသက်ကြီးမှဝက်သက်ပေါက်သလို စကားအသေတက်လွန်းသည့်ရှောင်းကျန့်။

" ရိပေါ် "

ရိပေါ်ရှောင်းကျန့်နဲ့စကားကောင်းနေစဉ် ဘေးကခေါ်လာသည့် အသံကြောင့် လှည့်ကြည့်လိုက်သည်။

" V "

" အော် တော်သေးတယ် ငါ့ကိုမမေ့သေးလို့..."

" ဘာလို့မေ့ရမှာလဲ "

" မင်းပဲလေ မင်းဘဲကြီးလည်းတွေ့ရော ငါ့ဘက်တစ်ချက်လေးတောင် မလှည့်တော့ဘူးလေ။ တော်ပါပြီ ပဲလှော်ကြား ဆားမညှက်တော့ဘူး ငါပြန်တော့မယ်ရိပေါ်...see u tomorrow.  မနက်ဖန် တစ်ဘက်ခါ ဖိန်းနွှဲခါ။ ပြီးတော့ အရာအားလုံးအဆင်ပြေပါစေ သူငယ်ချင်းလေး..."

ရိပေါ်ပခုံးလေးအသာဖက်ကာ ကျောခိုင်းထွက်ခွာသွားသည့် V ကိုရိပေါ်ရော ရှောင်းကျန့်ပါငေးကြည့်နေမိကြသည်။ ပြီးမှနှစ်ယောက်လုံးငြိမ်နေကာမှ အသိဝင်လာကြသလို လှုပ်ရှားလာကြသည်။

" ရိပေါ် "

" အင်း "

" လာလေ ပြန်မယ် "

" အင်း "

ရှောင်းကျန့်မောင်းသည့် ကားပေါ်ပါလာသည့်ရိပေါ်သည် ကားပြတင်းပေါက်ကနေ လမ်းမဘက်ငေးကြည့်နေရင်း သက်ပြင်းအသာချပြီး စကားစသည်။

ဦးရဲ့ ဂျစ်တူးလေး ( completed ) Where stories live. Discover now