17

2K 260 10
                                    

မတွေ့တာကြာပြီဖြစ်တဲ့ သူငယ်ချင်းဖြစ်သူချင်းချင်းကဖုန်းဆက်သည့်အခါ ရှောင်းကျန့်သည် သွားတွေ့ရပြန်သည်။

" အင်း ချင်းချင်း "

" နင်ကလည်း ငါဖုန်းဆက်ခေါ်တော့မှ "

" ငါမအားလို့ပါကွာ.."

ဒီလိုနဲ့ရှောင်းကျန့်နဲ့ချင်းချင်းဟာ စကားတွေပြောနေကြရင်း ချင်းချင်းက သူသိလိုတာများမေးမြန်လာခဲ့သည်။

" ဒါနဲ့ ရှောင်းကျန့်. "

" အင်းချင်းချင်း "

" နင်နဲ့ရိပေါ်က အမျိုးမတော်ဘူးမလား.."

" ဘာမေးတာလဲချင်းချင်း "

" နင်နဲ့ရိပေါ်က နင်ပြောသလိုညီအကိုတွေမဟုတ်ကြဘူးမလားလို့.."

" အင်း ညီအကိုအရင်းတွေမဟုတ်ပေမယ့် မင်းထင်ထားတာထက် ငါတို့ကပိုရင်းနှီးပါတယ်..."

" အေးပါ...။ ဒါနဲ့ နင်အခုရည်းစားလေးဘာလေးမထားဘူးလား..."

" ရိပေါ်တစ်ယောက်တည်းကိုအချိန်ပေးနေရတာနဲ့ မထားဖြစ်ပါဘူးဟာ..."

" အင်း အဲ့ဒါဆို နင်ရည်းစားထားဖို့စဉ်းစားရင် ငါ့ကိုပထမဆုံးထားပြီး စဉ်းစားပေးနော်.."

" ဘာ "!

" ဟုတ်တယ်လေ သူငယ်ချင်းတွေဆိုတော့ အဆင်းသိ အချင်းသိမလို့ ပိုပြီးနားလည်မှုရှိတာပေါ့လို့.."

ချင်းချင်းစကားကြောင့် ရှောင်းကျန့်သဘောကျစွာပြုံးရယ်မိလိုက်သည်။

ချင်းချင်းဟာ ရှောင်းကျန့် မိန်းကလေးစိတ်မဝင်စားတာသိပုံမပေါ်ဘူး။ သိရအောင်ကလည်း ရှောင်းကျန့်ဟာဘယ်သူ့ကိုမှ သူ့ဖြစ်တည်မှုအကြောင်း ဖွင့်မပြရသေးဘူး။ ဘာလို့လည်းဆိုတော့ ရှောင်းကျန့်ရဲ့ရင်တွင်းခံစားချက်ဟာ ဝမ်ရိပေါ်ဆိုတဲ့အကောင်ပေါက်လေးကြောင့် ပေါက်ဖွားဖူးပွင့်လာတဲ့ ပန်းလေးတစ်ပွင့်မလား။ ဒါကြောင့်ရှောင်းကျန့်ဟာရိပေါ်ရဲ့အချစ်ကိုရမှ သူ့ဖြစ်တည်မှုကိုသူငယ်ချင်းတွေရှေ့ တရားဝင်ချပြထားဖို့စီစဉ်ပြီးသား....။

ဒီလိုနဲ့ရှောင်းကျန့်ဟာ ချင်းချင်းနဲ့စကားပြောရင်း စားသောက်ရင်းနှင့်အချိန်ကုန်မှန်းမသိ ကုန်လာခဲ့ပါသည်..။

ဦးရဲ့ ဂျစ်တူးလေး ( completed ) Where stories live. Discover now