12

2.1K 264 10
                                    

ဝမ်ရိပေါ်ရုံးခန်းလေးထဲမှာ မျက်နှာချင်းဆိုင်ပြီးထိုင်နေကြတဲ့ လူသုံးယောက်။ နှစ်ယောက်က ဝမ်ရိပေါ်နှင့်ရှောင်းကျန့်ဖြစ်နေပြီး သူ့တို့ရှေ့ကခုံမှာခေါင်းလေးငုံ့ပြီးထိုင်နေသူက လီလီဆိုသည့်မိန်းကလေးပါ။ ရှောင်းကျန့်လီလီဆိုသည့်မိန်းကလေးကို သေချာစိုက်ကြည့်ကာ သက်ပြင်းအသာချသည်။

" အဲ့ဒါဆိုမင်းက ငါ့ညီမပေါ့ "

" ဟုတ်ပါတယ်ကိုကို ညီမလေးက ပါပါးရှောင်းနဲ့မာမားယမ်းလီတို့ရဲ့သမီးပါ.."

လီလီရဲ့စကားအဆုံး ရှောင်းကျန့်အသံထွက်အောင်ပင်ရယ်လိုက်မိသည်။ ပါပါးရှောင်းရဲ့နောက်မိန်းမ ရှောင်းကျန့်မိထွေးနဲ့ရတဲ့ညီမလေးတဲ့။

မိထွေးကိုမုန်းလို့ အသက်၁၆နှစ်နဲ့ အိမ်ကနေထွက်ပြေးသွားခဲ့တာတောင် ရေစက်တွေကမပျက်နိုင်ဘူး။

" ငါ မင်းကိုငါ့ညီမအဖြစ် မသက်မှတ်နိုင်ဘူး..."

" လီလီသိပါတယ်ကိုကို ။ ကိုကိုက မာမားကိုမုန်းနေလို့ လီလီကိုပါမုန်းနေမယ်ဆိုတာ။ ဒါပေမယ့် လီလီကတော့ ကိုကို့ကိုချစ်တယ်။ လီလီ့မှာ ရှောင်းကျန့်ဆိုတဲ့ကိုကိုတစ်ယောက်ပဲရှိတာ ဒါကြောင့် လီလီကတော့ကိုကို့ကိုချစ်တယ် "

မျက်ရည်များကျနေသည့် မျက်လုံးဝိုင်းလေးနဲ့ ဆယ်ကျော်သက်အရွယ်လီလီဟာ ရှောင်းကျန့်မျက်နှာလေးကိုမော့ကြည့်ကာ သူကတော့ ရှောင်းကျန့်ကိုချစ်ကြောင်းပြောနေပေမယ့် ရှောင်းကျန့်မျက်နှာထားလေးကတော့ တည်တင်းနေလျှက်။

ရိပေါ်သည်ရှောင်းကျန့်ကိုတစ်ခါ လီလီကိုတစ်ခါအကဲခက်ကြည့်ကာ မျက်ပေတုံးလေးကပါ စိတ်ရှုပ်ထွေးဟန်ပြလာသည်။ နောက်ဆုံး ဆုံးဖြတ်ချက်ချသည့်ဟန်နှင့် သက်ပြင်းအသာချသည်။

" လီလီ "

" ဟင် ရိပေါ် "

" မင်းပြန်တော့ "

" ငါ ကိုကိုနဲ့ "

" သူမင်းကို ညီမအဖြစ်မသတ်မှတ်နိုင်ဘူးလို့ပြောနေတယ်လေ။ ဒါကြောင့် သူစိတ်ရှုပ်အောင်မလုပ်နဲ့ မင်းပြန်တော့ "

" ဒါပေမယ့် ရိပေါ် "

" မင်းကိုငါပြန်တော့လို့ပြောနေတယ်လေ လီလီ "

ဦးရဲ့ ဂျစ်တူးလေး ( completed ) Where stories live. Discover now