𝕋𝕦𝕝𝕚𝕡𝕤🌷 1

1K 43 5
                                    


ခြေလှမ်း တွေဟာ သွက်သွက်လက်လက် ၊
ဆယ့်ရှစ်နှစ် ဝန်းကျင် အသက်အရွယ်မို့
အရာရာ ဟာ ပေါ့ပေါ့ပါးပါးပင် ။
မပေါပါးနိုင်တာကတော့ စိတ် ။
ထုံးစံအတိုင် အိမ်နဲ့စိတ်ဆိုးစိတ်ကောက်ကာ ထွက်လာခြင်း ။
မိုက်တိ မိုက်ကန်းပုံစံမမည် ကြောင်ချီးဟု မဆိုမမည် ပုံစံမှာ သူ့ပင်ကို စတိုင်ပင် ။

" ဟေ့ jimin ဘယ်သွားမလို့လဲ "

ပေါင်းဖော်ပေါင်းဖက်တွေထဲက တစ်ယောက်ဖြစ်ပြီး သူနဲ့အပေါင်းဆုံး အခင်ဆုံး van ကထိုသို့ မေးလာသောအခါ jimin မျက်စောင်းတွေက စူးကနဲ ။
ဒီကောင် ဘာလားဟ ။

" လွယ်အိတ်ကြီး လွယ်ထားတာကိုမြင်ရဲ့သားနဲ့ ဘယ်လဲဆိုတော့ မင်းအဖေငါက ဘယ်လိုပြန်ဖြေရမလဲ အရက်ဆိုင်ဆိုပြီးလား "

အဲ့လို့ ပက်ခနဲ့ ပြန်ပက်တက်တာကလဲ jimin အကျင့် ။
သူများကနဲနဲလေးဆို သူကများများပြန်ပြောလိုက်ရမှ ။
ဟုတ်တယ်လေ လွယ်အိတ်လွယ်ထားတာ အားယားနေလို့မှမဟုတ်တာ ။

ပေါင်းနေကျမို့ van အတွက်ကမထူးဆန်းတော့
Park jimin ကအဲ့လို့ version မျိုး ။
လူကသေးသလောက် စွာတာကလဲ
ကတ်ကတ်လန်နေအောင် ။
အစပိုင်းမှာ ပေါင်းရတာ နဲနဲကတ်သီးကတ်သတ်နိုင်ပေမယ့် ကြာလာတော့အဆင်ပြေလာသည် ။
တစ်ကျောင်းလုံးမှာ သူ့ကိုနိုင်မဲ့သူရှာမတွေ့ ။

" မင်းကလဲကွာ စိတ်ကြီးပဲ ငါက မင်းဒီနေ့မှလမ်းလျောက်သွား နေတာတွေ့လို့မေးကြည့်တာကို "

" မြင်တဲ့အတိုင်းပဲ van "
" ဆန္ဒပြလာပြီထင်တယ် ကိုယ့်မိန်းမလေးက "

van က သူ့ပခုံးအားဖက်ကာ ဆိုလာတော့ နှာခေါင်းက auto ရှုံ့ မိပြီးသား ။

" van ကွာ တကယ်တင်းလာပါတယ်ဆိုမှ "

" အိုခေ အိုခေ လာငါနဲ့အတူသွားမယ် ကျောင်းကို ခနစောင့် လွယ်အိတ်ဝင်ယူလိုက်အုံးမယ် "

ခေါင်းသာငြိမ့်ပြလိုက်ပြီး van အိမ်ရှေ့မှာစောင့်နေသည် ။
VAN အိမ်သည် သူ့အိမ်ရဲ့ မျက်စောင်းထိုးတွင်ဖြစ်သည် ။

ရပ်ကွက်လေးက လူချမ်းသာတွေသာ
နေတဲ့ ရပ်ကွက်လေးမို့ ဆူဆူညံညံမရှိပဲ
တိတ်ဆိတ်နေသည် ။
တိတ်ဆိတ်ခြင်းတွေကိုသဘောကျသည့်
သူ့အတွက်တော့ ဒီရပ်ကွက်လေးနဲ့
သိပ်ကိုအဆင်ပြေသည် ။

𝕋𝕦𝕝𝕚𝕡𝕤 🌷Där berättelser lever. Upptäck nu