𝕋𝕦𝕝𝕚𝕡𝕤🌷2

242 20 5
                                    

အချစ်ကိုစချစ်မိတဲ့အချိန်
ကံဆိုးခြင်းပဲဖြစ်ဖြစ်
ကံကောင်းခြင်းပဲဖြစ်ဖြစ်
မျက်စိစုံမိတ်ပြီး ချစ်လိုက်တဲ့အခါမှာ
အချစ်ဟာ ကိုးကွယ်ရာဖြစ်လာခဲ့တယ် ။
ဒါပေမယ့် ကိုယ်အချစ်ကို မကိုးကွယ်ခဲ့ပါဘူး
ကိုယ် ကိုးကွယ်ခဲ့တာက မင်းကိုပါ ။

မင်းနဲ့မှချစ်တက်လာတယ်
မင်းနဲ့မှဂရုစိုက်တက်လာတယ်
မင်းနဲ့မှခံစားတက်လာတယ် ။
မင်းဟာ ကိုယ့်အပိုင်ပါလို့
သတ်မှတ်လိုက်တဲ့ အခါမှာတော့
Tulips တွေမိုးပြိုတော့မယ် ။

စိတ်မပူပါနဲ့ Tulips ‌တွေ
မင်းကို ခစားသလို
ကိုယ်လဲမင်းကိုခစားမှာပါ...။

。。。

" jimin ပိုက်ဆံတွေအရမ်းသုံးနေတယ်နော် "
" appa ရှာထားတဲ့ ပိုက်ဆံတွေကို ကျွန်တော်မသုံးလို့ ဘယ်သူ့ကိုသုံးခိုင်းမှာလဲ "
" ဒီအသက်ဒီအရွယ်ရောက်နေပြီ အလုပ်လေးဘာလေးလုပ်ဖို့ အစီအစဉ်မရှိဘူးလား "
" appa လုပ်နေတာဘဲ ကျွန်တော်လုပ်စရာလိုသေးလို့လား "
" ဒီကလေးကတော့ ဖအေကိုပြန်ပြောဖို့ပဲသိတယ် "
" ပြန်ပြောတာမဟုတ်ပါဘူး appa ကလည်း အလုပ်လုပ်ဖို့မလိုအပ်ဘူး ဆိုတဲ့အကြောင်းရှင်းပြတာပါ "
" ရန်တွေဘဲဖြစ်မနေနဲ့ "
" မဖြစ်ပါဘူး "
" ကျောင်းမသွားဘူးလား ဒီနေ့ "
" သွားမှာလေ "
" အဲ့တာကိုဘာလို့ အေးအေးဆေးဆေးစားနေတာလဲ "
" ဟာ...... appa အစားကို စားစရာရှိတာစားရမှာပဲ...ကပ်စီးအိုးနေသေးတယ် ဒီမုန့်လေးကို.... "
" ဒီကောင်လေးကတော့...."
" သွားပြီ appa! "
" ထိန်းလို့ကို မနိုင်ဘူး "
Jimin ငယ်ငယ်ကတည်းက
အဖေ့လက်ပေါ်မှာပဲ ကြီးလာရသည် ။
မေမေသည် jimin လေး သုံးနှစ်ကျော်တော့
နေမကောင်းဖြစ်ပြီး ကွယ်လွန်သွားခဲ့သည် ။

Jimin သည် ယနေ့ချိန်ထိ
ဖေ့ဖေ့လက်ပေါ်မှာပဲနေကာ
ဖေ့ဖေ့ ရင်ခွင်မှာပဲ ခိုနားခဲ့သည် ။
ဘဝတစ်လျှောက်လုံး ဖေဖေသည်
သူ့အား ကောင်းသည် ဆိုးသည်
ဘာတစ်လုံးမှ အပြစ်တင်မဝေဖန်ခဲ့ပါ ။

ချော့ကာ ခြောက်တလဲ့
မေမေလိုတစ်မျိုး ဖေဖေလို
တစ်မျိုး ဆိုဆုံးမခဲ့သည် ။
သူ့ဘဝမှာ ပူပင်စရာမျိူးမရှိစေရအောင်
ဖေဖေက ကြိုးစားဖန်တီးပေးခဲ့သည် ။

𝕋𝕦𝕝𝕚𝕡𝕤 🌷Where stories live. Discover now