ဒီနေ့နဲ့ဆို Taehyung လဲဆေးရုံက ဆင်းတာ
နှစ်ရက်လောက်ရှိပြီ ။
များများ စားစားတော့မထိမိသွားပါဘူး ။
ခုတော့ ပုံမှန်အတိုင်းပြန်ဖြစ်သွားပါပြီ ။
ကျောင်းသွားလိုက် ဘာသွားလိုက်ပေါ့ ။
သူလဲသက်သာနေပါပြီ နောက်သုံးလေးရက်ဆို အရှင်းပျောက်ပြီ ထင်သာပဲ ။ အမာရွတ်လေး တော့ကျန်ထားမှာပေါ့..။ ဘယ်လိုပဲဖြစ်ဖြစ် သူကျေနပ်သည် ။
Jung kook သည် ကားလေးကိုဖြေးဖြေးမှန်မှန်မောင်းနေပြီး
ကျောင်းကိုအရင်မသွားသေးဘဲ
တစ်နေရာကိုဦးတည်လိုက်သည်။
သူ့မှာလဲ အလုပ်ကိစ္စတွေကရှိသေးတယ်လေ
ကျောင်းတစ်ဖက်တည်းမှမဟုတ်တာ ။
သူပိုင်တဲ့ ကာစီနိုရုံထဲသို့ဝင်သွားလိုက်တော့
Taehyung နဲ့ ho-seok hyung ကရောက်နှင့်နေပြီ ။“ နောက်ကျလှချည်လား "
“ နောက်မကျပါဘူး မင်းတို့ကသာစောနေတာ "
Taehyung အပြောကိုသူထိုသို့ ပြန်ချေပ့လိုက်သည် ။
“ အောင်မယ် ငါ့တို့ကိုကျ နောက်ကျရင် ဘာဖြစ်တယ်ညာဖြစ်တယ်နဲ့ သူနောက်ကျရင်ကျ မပြောချင်ဘူး "
သူ့အား ပွစိပွစိပြောနေသော Taehyung အား
“ ငါ ကြားတယ်နော် " လို့ပြောလိုက်ပြီး ကားကော့အား
မြောက်ကာ အရှေ့ကနေ ဦးဆောင်သွားလိုက်သည် ။
ho-seok က မလွယ်ဖူးဆိုသည့် သဘောနှင့်ခေါ်င်းယမ်းပြီး
ပြုံးကာ လိုက်ခဲ့သည် ။
ဒီကလေးတွေ တကယ်လို့ ငါများမရှိတော့ရင်ဘယ်လိုများ
နေကြမလဲ နော် 'ဆိုတဲ့ စိုးရိမ်စိတ်လေး တော့သူ့မှာရှိသည် ။အလုံပိတ်အခန်းပုံစံမျိုး နဲ့ထိုအခန်းတွင် မီးသီးတစ်လုံးသာ
ထွန်းထားသည် ။
အအေးဓာတ်လဲများတာကြောင့် ထိုအခန်းသည်တော်တော်လေး အေးသည် ။
ဟိုနေ့က လူကို ဒီအခန်းထဲမှာ ချုပ်ထားသည် ။
သူတို့လူသုံးယောက်နဲ့ ၊ ဟိုလူ နောက် သူတို့သုံးယောက်နဲ့ဆို
အားလုံးပေါင်း အခန်းထဲမှာ ခုနစ်ယောက်ရှိသည် ။“ သူ့ကိုစည်းထားတဲ့ ပုဝါကိုဖြုတ်ပေးလိုက် "
Jung kook ပြောလိုက်တော့ လူနှစ်ယောက်သည်
ထိုလူမျက်လုံးနဲ့ ပါးစပ်မှာစည်းထားတဲ့ ပုဝါတွေကို
ဖြေပေးလိုက်သည် ။
YOU ARE READING
𝕋𝕦𝕝𝕚𝕡𝕤 🌷
Fanfictionလှလှပပရှင်သန်ဖို့ ကျွန်တော့်မှာ အခွင့်အရေး မရှိဘူး ထင်တယ် အကို...💛။