𝕋𝕦𝕝𝕚𝕡𝕤🌷5

250 16 1
                                    

“  အကို့ ရင်ခွင်ကြီးကမိုက်လိုက်တာ "

“ မိုက်ရမှာပေါ့ Park jimin အတွက်ပဲဟာ "

。。。。

နုနုရွရွတွေ မကြိုက်ပေမယ့်
လက်ဆောင်ဆိုလို့ လက်ခံလိုက်သည် ။
အဝါရောင်ကောင်‌လေးက အဝါရောင်ပန်းကို
ပေးတယ်ဆိုတော့ ရယ်တော့ရယ်ချင်စရာ ။
ဒီကောင်လေး ဒါမျိုးတွေလဲကြိုက်တက်သေးတာလား ။
ပန်းကိုကြည့်လိုက်တော့ လက်ကဒဏ်ရာကိုလဲကြည့်မိသည် ။
ငါဘာလို့ ဓားကိုကိုင်လိုက်တာပါလဲ ။
ရူးသွားတာလား ။
အာ....တကယ်မသိတော့ဘူး ။

“ Yeah! jung kook သွားလိုက်တာကြာတာ...... ဘာလဲ ပန်းတွေနဲ့ပါလား "

“ အွန်း "

“ ဘယ်ကရလာတာလဲ ဘယ်သူပေးတာလဲ....Yeah! လက်မှာကလဲပတ်တီးကြီးနဲ့ ဘာဖြစ်လာတာလဲ ဘယ်သူလုပ်လိုက်တာလဲ "

စကားပေါင်းများစွာနဲ့ သူ့ကိုစိတ်ပူစွာ
မေးခွန်းထုတ်လာတဲ့ Taehyung ကို သူ
လက်ထဲက ပန်းတွေကိုပြကာ ပြန်ဖြေလိုက်သည် ။

“ ဒီဟာ "

ထိုသို့ ဖြေလိုက်တော့ Taehyung သည် ဂျိုပေးကာကြည့်လာသည် ။
ဟုတ်ပ့ ဘယ်သူကယုံမှာလဲနော် ။
ရူးကြောင်ကြောင်အဖြေကို ။

“ ရူးသွားတာလား ပန်းကဘယ်လိုလုပ် "

“ ခူးရင်းနဲ့ဖြစ်သွားတာ "

“ ခူးရင်းနဲ့......ဒီပန်းကိုခူးတာဘယ်လိုလုပ် ဒဏ်ရာရမှာလဲ သွေးထွက်လွန်လို့ ကြောင်သွားတာတော့ မဟုတ်ပါဘူးနော် Jung kook "

“ ဖြစ်စရာလား "

“ ဆေးရောဘာရောထည့်ခဲ့ပြီးပြီလား "

" အော....ဆေးပေးခန်းဝင်ခဲ့ပြီးပြီ "

“ တော်သေးတာပေါ့...ဆေးပေးခန်းဝင်ရမယ်ဆိုတဲ့ အသိရှိသေးလို့ "

လိမ်ကာဖြေလိုက်သည် ။
ဘာပဲဖြစ်ဖြစ် အနည်းဆုံးတော့ယုံသွားတာပေါ့ ။

“ Tae hyung na  "

“ wae "

ပန်းကိုစိုက်ကြည့်ကာ သူမေးလိုက်မိသည် ။

“ ဒီ Tulips တွေရဲ့ အဓိပ္ပာယ်ကိုသိလား "

“ မသိဘူး ဘာလို့လဲ ရုပ်တရပ်ကြီး "

𝕋𝕦𝕝𝕚𝕡𝕤 🌷Where stories live. Discover now