𝕋𝕦𝕝𝕚𝕡𝕤🌷11

214 17 4
                                    

အများကြီး စဉ်းစားမိတယ်...
ထပ်ခါထပ်ခါပဲ ။
ချစ်ပစ်လိုက်ဖို့ လုံလောက်လားလို့ ။
အင်အားမရှိတာမဟုတ်ပါဘူး ။
ထုတ်ပြဖို့ဝန်လေးနေတာ ။
အချိန်အတိုင်းအတာ တစ်ခုကို ကိုယ်စောင့်နေတာမှန်ပေမယ့်
အဲ့အချိန်က ဘယ်ချိန်မှရောက်မှာလဲ ။
ကိုယ် စောင့်ရင်းစောင့်ရင်း ကျန်ရစ်ဖြစ်မှာကိုမလိုလားဘူး ။
ဒါပေမယ့်...ကိုယ် ဝန်လေးနေတယ်...
အကယ်၍ အကြောင်းပြချက်တစ်ခုခုနဲ့ ကိုယ့်ကို
တွန်းလွှတ်လိုက်ရင်...ကိုယ် နောက်တစ်ခါ
ထပ် ဝန်ခံရဲမှာမဟုတ်ဘူး...အဆိုးဆုံးက ကိုယ်
မင်းအနားမှာ ရှိနေရဲမှာတောင်မဟုတ်တော့ဘူး ။
ကိုယ် ဘယ်လိုလုပ်ရမလဲ ။
အတွေးတွေနဲ့ Jung kook ဟာ ဝေခွဲမရပါ ။

“ အကို "

တခါတည်းမှာ ပင် ကောင်လေးရဲ့ ခေါ်သံကို
ကြားယောင်မိတော့ သူ့စိတ်တွေပိုပြီးပြတ်သားလာသည် ။
အပြုံးချိုချိုတွေကိုပါ တစ်ဆက်ထဲမြင်ယောင်မိလိုက် တော့
ကိုယ် မင်းကိုလက်လွတ်ဖို့မဖြစ်နိုင်တော့ဘူးဆိုတာ
သေချာသွားပြီ ။
စိတ်တွေကို သေချာပြင်ဆင်အပြီးမှာတော့
သူကောင်လေးကို ဖွင့်ပြောဖို့ဆုံးဖြတ်လိုက်သည် ။
အနည်းဆုံးတော့ မင်းဟာကိုယ့်အပိုင်ဖြစ်လာနိုင်သေးတယ်ဆိုတဲ့ အတွေးနဲ့ပေါ့ ။
............................။

အပြာနုရောင်စာအိတ်ကလေးကိုသူ ဒီနေ့မှထူးထူးဆန်းဆန်း
သူထုတ်ကြည့်နေမိသည်။
အထဲမှာဘာစာတွေရေးထားလဲဆိုတာ သူသိချင်ပေမယ့်
စာကကိုယ့်အတွက်မှ မဟုတ်တာ အကို နဲ့ အကို Taehyung
အတွက်ကို ။ ဒါနဲ့ ho-seok hyung က ဘယ်အထိသွားမှာမို့လို့ စာတွေချန်ထားရတာလည်း ။ ထားပါလေ....ဆိုကာ စာအိတ်လေးကို သူ့လွယ်အိတ်ထဲပြန်ထည့်လိုက်သည် ။
ဒီစာအိတ်လေးကိုတော့ သူလွယ်အိတ်ထဲမှာပဲထည့်နေကျ ။
နောက် လွယ်အိတ်လွယ်ကာ အောက်ထပ်သို့ဆင်းခဲ့သည် ။

“ morning appa.."

‌ဧည့်ခန်းရောက်တော့ မနက်စာစားနေတဲ့ အဖေ့ကို
သူနှုတ်ဆက်လိုက်သည် ။

“ morning...သား မနက်စာမစားတော့ဘူးလား "

“ မစားတော့ဘူး appa..."

“ အဖေ မင့်ကို မုန့်ဖိုးလွဲထားပေးတယ်နော်..."

“ ဗျာ.."

𝕋𝕦𝕝𝕚𝕡𝕤 🌷Waar verhalen tot leven komen. Ontdek het nu