𝕋𝕦𝕝𝕚𝕡𝕤🌷13

265 22 1
                                    

To❤️Kim Tae hyung and Jeon Jung kook

      - ကလေးတို့... မင်းတို့ သိထားသင့်တာလေးတစ်ခု hyung ပြောပြချင်လို့ပါ ။ ပြောရမှာ နည်းနည်းတော့ ဝမ်းနည်းစရာကောင်းနေတယ်။ ဒါပေမယ့်လည်း မင်းတို့ ဝမ်းမနည်းကြပါနဲ့ ။ hyung အဆင်ပြေပါတယ် ။

      - မင်းတို့လက်ထဲ ဒီစာရောက်တဲ့အချိန် hyung ရှိရောရှိနိုင်အုံးပါ့မလား မသိနိုင်ပေမယ့် အတ္တစိတ်ကလေးနဲ့တော့ hyung ဒီထက်ပိုပြီး ရှင်သန်ချင်သေးတယ် ။

       - မဖြစ်နိုင်တော့ဘူးထင်ပါတယ်။ ဘာလို့ဆို နှလုံးရောဂါဆိုတဲ့ ဝေဒနာက hyung ကို နှိပ်စက်နေပြီ ။ ဝေဒနာက တအားပြင်းတာပဲ hyung မခံစားနိုင်ဘူးကွာ ။ နှာခေါင်းထဲကနေ နေ့တိုင်းစီးကျနေတဲ့ သွေးတွေကြည့်ပြီး အားငယ်လာတယ် ။  အောင့်သက်လာတဲ့ ရင်ဘက်ကလည်း မနေသာဘူးရယ် ။

         - နောက်တစ်ပတ်မှာ ခွဲစိတ်ဖို့ ဆရာဝန်နဲ့တိုင်ပင်ထားတယ်။ ဖြစ်နိုင်တယ်ဆိုရင် ဆရာဝန်က အမြန်ဆုံးခွဲစိတ်‌မှုပြုလုပ်စေချင်တာ ။ ဒါပေမယ့် hyung ကြောက်နေလို့ ဆေးသောက်ပြီးပဲ အချိန်စွဲနေမိတယ် ။

        - ဆေးတွေက မတိုးဘူးထင်တယ်။ ဘယ်လောက်သောက်သောက် မပျောက်ဘူးဖြစ်နေတယ် ။ သောက်လေ ပိုဆိုးလာလေလေပဲ။ ဒီရောဂါအပြင်နောက်ထပ် ရောဂါပါရှိနေသေးတာလားလို့တောင်‌တွေးမိတယ် ။

           - hyung မင်းတို့ကိုမပြောပြချင်ဘူး။ hyung ကြောင့် စိတ်ပင်ပန်းတာမျိုး မဖြစ်စေချင်ဘူး ။ တစ်ယောက်ထဲပဲ ကြိတ်ခံစားချင်တယ် ။ ဘယ်သူ့ကိုမှ အပူမပေးချင်ဘူး ။ တောင်းပန်ပါတယ်    တကိုယ်ကောင်းဆန် သွားခဲ့ရင် ။

           - ခွဲခန်းထဲဝင်သွားပြီး ပြန်ထွက်လာချိန်မှာ hyung မရှင်သန်နိုင်ခဲ့တော့ရင် မင်းတို့တွေဝမ်းမနည်းနေပါနဲ့။ hyung လွတ်မြောက်သွားပြီ ၊ အေးချမ်းသွားပြီလို့ပဲ သဘောထားပြီး ဖြေသိမ့်ပေးကြပါ။ မင်းတို့တွေငိုရင် hyung ရင်နာရတယ် ။

           - အနားမှာမရှိပေးနိုင်ခဲ့တော့ရင် ကြိုပြီးတောင်းပန်ပါတယ်။ ဒါပေမယ့် hyung သေချာပေါက် ရင်ဆိုင်ပြီး ကောင်းကောင်းမွန်မွန်နဲ့ မင်းတို့နားပြန်လာမှာပါ ။ မင်းတို့မရှိရင် hyung မနေနိုင်သလို ၊ hyung မရှိရင် မင်းတို့လည်း မနေနိုင်ဘူးဆိုတာ သိနေလို့လေ ။

𝕋𝕦𝕝𝕚𝕡𝕤 🌷Where stories live. Discover now