𝕋𝕦𝕝𝕚𝕡𝕤🌷14

358 22 6
                                    

/ YU ကိုယ်ပိုင် အထက်တန်းကျောင်း /

ဒီနေ့သည် အားကစားပြိုင်ပွဲများ ကျင်းပမည့် နေ့တစ်ရက်ဖြစ်တာကြောင့် ကိုယ်ပိုင်ကျောင်းရှိ ကျောင်းသူ/သားများအားလုံးသည် မိမိနှင့်သက်ဆိုင်ရာ အားကစားအင်္ကျီများကို အသင်းလိုက်ဝတ်ဆင်ထားကြသည်။

ကျောင်း၏ နေရာအသီးသီးတွင် ကျောင်းသူ/သားများသည် ပြိုင်ပွဲမစခင်အချိန်အတွင်း ကိုယ်လက်လှုပ်ရှားမှုများပြုနေကြသည်။ ထိုအထဲတွင် jimin တို့အဖွဲ့နှင့် Jung kook တို့လည်းပါသည်။

Besckball ၊ Blue Team အဖွဲ့တွင် Jung kook , Tae hyung နှင့် အခြားသုံး‌ယောက်ပါဝင်သည် ။ Red Team အဖွဲ့တွင် jiminတို့ သူငယ်ချင်းငါးယောက်နှင့် Green Team / Black Team / Yellow Team တို့ အသီးသီးပါဝင်ယှဉ်ပြိုင်ကြသည် ။

ပထမဆုသည် နာမည်ကြီး ထိတ်တန်းတွေထဲက တစ်ခုဖြစ်သော KING တွင် VIP အထူးခံစားခွင့်ရှိတာကြောင့် ကျောင်းသားတွေသည် အပြိုင်အဆိုင်ဝင်‌ရောက်ယှဉ်ပြိုင်ကြသည်။ KING သည် စားသောက်ဆိုင်နှင့်ဘား တွဲကာ ဖွင့်ထားသောကြောင့် လူငယ်တို့ အကြိုက်ပင် ။ လူချမ်းသာ သားသမီးများဖြစ်သောကြောင့် ဆုကြေးထက် သူ့ထက် ငါဟူသောအပြိုင်အဆိုင်များဖြင့်ယှဉ်ပြိုင်ကြသည်။

တစ်ချို့ကတော့ ငါ့ဟာငါလည်း သွားနိုင်တယ်ဟူသော ဂုဏ်ပုဒ်ဖြင့် ပွဲကြည့်ပရိတ်သတ်သာ လုပ်ကြသည်။ တစ်ချို့ကကြပြန်တော့ ငါတို့အနေအထားကြီးနဲ့ ယှဉ်ပြိုင်စရာမလိုဘူးဟူသော အတွေးတွေဖြင့်။

အတွေးပေါင်းများစွာနှင့် လူပေါင်းများစွာတွင် jimin တို့အဖွဲ့အတွေးကတော့ ကွဲထွက်နေသည်။

“ ပထမဆု ရအောင်လုပ်ကြမယ်နော် ဟေ့ကောင်တွေ!! "

Horryက ထိုသို့ဆော်အောလိုက်တော့...

“ အေး။ ပထမဆုသာ ရလို့ကတော့ KING မှာ အပီကဲပစ်မယ်။ yeon jun အဖေကတော့ ရှင်းစမ်း! "

အဖွဲ့ခေါင်းဆောင်လေးသည် ထိုသို့ ပြန်လည် ကြွေးကြော်ခဲ့သည်။

“ ဒါပေမယ့်လေ ဒီတစ်ခေါက်က Jung kook hyung တို့ပါ ပါလာတော့ ငါ့ကို ပထမရပါ့မလား..."

“ အေးနော် အဲ့ hyung တို့က တော်မဲ့ပုံကြီး။ ဟိုမှာကြည့်ပါလား လေ့ကျင့်နေတာတောင် သွက်လက်ဖျက်လက်နေတာပဲကွာ..."

You've reached the end of published parts.

⏰ Last updated: Nov 05, 2023 ⏰

Add this story to your Library to get notified about new parts!

𝕋𝕦𝕝𝕚𝕡𝕤 🌷Where stories live. Discover now