𝕋𝕦𝕝𝕚𝕡𝕤🌷8

291 16 2
                                    

သစ်ရွက်က‌လေးတွေ လှုပ်သလို...
နှလုံးသားလေးဟာလဲ ပုံမှန်ထက် လှုပ်ရှားနေခဲ့သည် ။

.......................။

“ အင်းးး "

ကုတင်ပေါ်တွင်လူးလိမ့်နေသော ကောင်လေးသည်
မျက်လုံးကတော့မဖွင့်ပါ..။
ကုတင်အပြောင်းအလဲဖြစ်လို့ အိပ်မပျော်ဘူးမထင်ပါနဲ့
Park jimin တို့ကဘယ်နားခေါင်းထိုးထိုး အိပ်ပြီးသား ။
အကိုကတော့ တစ်ခြားခန်းမှာသွားအိပ်ကာ
သူကတော့ အကို့ အခန်းထဲမှာအိပ်သည် ။

“ အင်း ဘယ်နစ်နာရီရှိပြီလဲ မထချင်သေးဘူး..."

ခန္ဓာကိုယ်ကို စောင်နဲ့လုံးလိုက်ကာ ဟိုလိမ့်
ဒီလိမ့်လုပ်နေပြန်သည်...။

“ ဘုတ်! "

ဟော...
ပြုတ်ကျပြီ ။

“ အား ယိုး ယိုး နာလိုက်တာ...ငါ့ဖင်.."

ဖင်လုံးလေးကို ကိုင်ကာ ညည်းနေပြန်သည် ။

“ အိပ်ချင်စိတ်ကိုပျောက်သွားတာပဲ "

မတ်တပ်ရပ်လိုက်ကာ စောင်တွေအား သေချာခေါက်ကာ
သပ်သပ်ရပ်ရပ်ပြင်ဆင်လိုက်သည် ။

“ ငါလဲ ရေချိုးအုံးမှ "

ရေချိုးခန်းထဲဝင်ကာ ရေချိုးလိုက်သည် ။

“ အကို့ ဆပ်ပြာတွေက အနံ့ပြင်းလိုက်တာ "

ပြန်ထွက်လာတော့ မှန်ရှေ့မတ်တပ်ရပ်နေမိသည် ။

“ ငါ့မှာဝတ်စရာမှမရှိတာ..."

စိတ်ပျက်လက်ပျက်နဲ့ ကုတင်ပေါ်တွင် ပြန်ထိုင်လိုက်သည် ။

“ ဘာဝတ်ရမှာလဲ....."

“ ဒီတိုင်းကြီးနေနေရမှာလား..."

“ မဖြစ်သေးပါဘူး...."

အကို့ ဗီရိုအား ဖွင့်ကာ အကျီတစ်ထည်နဲ့
ဘောင်ဘီ တစ်ထည်အားရွေးဝတ်လိုက်သည် ။
မတက်နိုင် မရှိတော့လဲ ရှိတာ ဝတ်ရမှာပေါ့...။
ကုတင်ပေါ်  လှဲချလိုက်ကာ....

“ ပျင်းလိုက်တာနော်....."

“ ရောက်တုန်းလေး အကို့အိမ်နှံ့အောင်သွားဖူးသည်ရှိအောင် သွားကြည့်ရယ်..."

ကောင်လေးသည် တံခါးဖွင့်ကာ အသာလေးဆင်းသွားသည် ။
အောက်ရောက်တော့ ဧည့်ခန်းကြီးက မိန့်မိန့်ကြီး။
သူ ထိုင်မလို့လုပ်တော့...

𝕋𝕦𝕝𝕚𝕡𝕤 🌷Where stories live. Discover now