𝕋𝕦𝕝𝕚𝕡𝕤🌷 3

271 25 2
                                    

Tulips တွေထဲက
အဝါရောင် Tulip က
မင်းနဲ့ အလိုက်ဖက်ဆုံးပဲ ။
သူ့ရဲ့ အဓိပ္ပာယ်ကို
သေချာမသိပေမယ့်လည်း
အဝါရောင် Tulip က
မင်းနဲ့တူနေတယ် ။

*

~I need somebody who can let me at my worst ~

~ know I'm not perfect but I hope you see my world ~
~ Cause it's only you, nobody new ,  I put you first  ~

~ And for you, boy ,I swear i'll do the worst ~

“ I need somebody who can let me at my worst "

သီချင်းကိုပိတ်လိုက်ပြီး
အကျီအမဲရောင် ရှပ်လက်ရှည်ကို
ဝတ်ကာ သီချင်းကို ညည်းနေမိသည် ။

“ I need somebody who can let me at my worst "

“ know I'm not perfect but............ "

ဒူ ဒူ ဒူ ဒူ .......

“ ခလွမ်းပဲကွာ စောစောစီးစီးဘယ်ကဖုန်းလဲ "

📞“  wae ဘယ်သူလဲ "

    “ ဘယ်မှာလဲ  ၊ ဘယ်ကောင်တွေလဲ "

    “ okay , wait for me "

ရေမွှေးစွတ်လိုက်ပြီး
ဖိနပ်ကြိုးအား သေသေချာချာလေး
ချည်လိုက်သည် ။
မနေ့ကမှ ဝယ်ထားတာကို
ခုတော့နှမြောစရာ ။

“ I need somebody who can let me at my worst "

“ know i' m not perfect but i hope you see my world "

လွယ်အိတ်လွယ်ကာ
အောက်ထပ်သို့ သီချင်းလေး
ညည်းကာ ဆင်းသွားသည် ။

“ သားရေ  လာ...မင်းကြိုက်တာလေးတွေပြင်ထားတယ် မနက်စာစားသွားအုံး "

“ ဟုတ် အမေ  "

“  ရော့ ဒီမုန့်လေးစား သားကြိုက်တဲ့ စပျစ်ခြောက် cookie  "
“  အဖေရော "

“  company သွားပြီ သား  "

“ ကောင်းတာပေါ့ "

“ သား "

“ သား အဖေက သားကို မချစ်လို့မဟုတ်ပါဘူး သားကို လမ်းမှားရောက်မှာဆိုးလို့ပါ "

အမေ ထည့်ပေးလာသော

cookie တစ်ခုကိုစားပြီး ။
“ သူ့မှာလဲ လုပ်ငန်းတွေအများကြီးရှိတာပဲ ကျွန်တော်လုပ်ငန်းတစ်ခုလေးထောင်လိုက်တာကို ဒီလောက်ဖြစ်သွားစရာလိုလို့လား "

“ သား "

“ စီးပွားရေအမြင်နဲ့ကြည့်လေ ကျွန်တော်ဘယ်လောက်တောင်အောင်မြင်နေလဲ ၊ အဲ့တာကို သူဝမ်းသာသင့်တယ်လေ မဟုတ်ဘူးလား "

𝕋𝕦𝕝𝕚𝕡𝕤 🌷Where stories live. Discover now