𝕋𝕦𝕝𝕚𝕡𝕤🌷7

232 19 5
                                    

မိုးပြေးလေးတွေလို
ခနသာ ဝင်လာပြီး ပြန်မထွက်သွားပါနဲ့...။
ကျန်ခဲ့ရတဲ့ ကိုယ်က ဘဝတစ်ခုလုံး ဆုံးရှုံးလိုက်ရသလို...
တစ်စစီကျိုးပဲ့ကုန်လို့ပါ ။

အများကြီး မတောင်းဆိုချင်ဘူး...
တစ်ခုလေးပါ...တကယ် ဒီတစ်ခုလေးပဲ တောင်းဆိုပါရစေ...။
ကိုယ်ကလွဲပြီး ဘယ်သူ့ကိုမှ ထပ်မချစ်လိုက်ပါနဲ့ ။
。。。。。

ဘာရယ်မဟုတ် အကို့ အား သဘောကျလို့ ရယ်ပြလိုက်သည် ။
သို့ပေမယ့် အကိုက သူ့အနားသို့ တိုးလာကာ
နမ်းချလိုက်သာကြောင့် ကြောင်သွားသည် ။
မထင်ထားပါ အကို သူ့ကိုနမ်းလိမ့်မယ်လို့...
လုံးဝ တွေးတောင်မတွေးဖူးတာ...။
အကိုသည် သူ့အား အဓိပ္ပာယ်ရှိရှိ နမ်းနေပေမယ့်...
သူသည် တုတ်တုတ်တောင်မလုပ်ခဲ့ပါ...။
အနမ်းတွေထဲမှာ နူးညံ့ခြင်း ၊ ကြင်နာခြင်း တွေ
ပါလားလဲ သူမသိပါ ။

အကို သည် အတန်ကြာတဲ့နောက် အနမ်းတွေကို
ရပ်တန့်မသွားတဲ့အပြင်...သူ့ခါးသိမ်သိမ်လေးအား
ကိုင်ကာ နုနုရွရွရှေ့ဆက်ပြန်သည်  ။
အကို က အနမ်းတွေကိုကျွမ်းကျင်စွာ ရှေ့ဆက်တော့
သူသည်လဲ အကို့ ကျွမ်းကျင်မှုအောက်မှာ
ခံနိုင်ရည်ဆိုတာမရှိတော့ပါ ။
အကို့ ပါးပြင်လေးကို ကိုင်ကာ သူပါ ရှေ့ဆက်နေမိသည် ။

အနမ်းတွေ ပြင်းထန်လာကာ အကိုသည် သူ့အား
ကုတင်ပေါ်သို့လှဲချလိုက်သည် ။
သိသည်...သူသိသည်...
အကို သူ့ကိုကုတင်ပေါ်လဲချလိုက်မှန်း ။
သို့ပေမယ့် သူမလွှတ်ချင်ပါ အကို့ ရဲ့နှုတ်ခမ်းပါးလေးကို ။

စိတ်လွတ်ကာ နမ်းလိုက်မိပေမယ့်...ဒါဟာ
ယောင်္ကျားလေးတစ်ယောက် ဆိုတာသိပေမယ့်...
ရပ်ဖို့ အစီအစဉ်မရှိခဲ့ပါ ။
Park jimin နှုတ်ခမ်းဟာ ယောင်္ကျားလေးတန်မဲ့..
ထိကပ်လိုက်ရုံနဲ့တင် လူကိုရူးမူးစေတာ...။
အစမှာတော့ ကောင်လေးဘက်က တုန့်ပြန်မှုမရှိခဲ့ပေမယ့်...
နောက်ပိုင်း တုန့်ပြန်လာတဲ့ အခါမှာ..
Jeon  ပိုမိုက်ရူးရဲဆန်ချင်လာပြီ ။

ကုတင်ပေါ် လှဲချပြီး နမ်းတော့
Park jimin ဟာ လူကို ပိုရူးမူးစေသည် ။
နမ်းချင်နေတုန်း ဒီထက်ပိုပြီး ။
သူ့အပိုင်တာဆို ပို ရူးရူးမိုက်မိုက်တွေလုပ်ပစ်လိုက်မည် ။
ထူထူထဲထဲ နှုတ်ခမ်းတွေက Lollipop ထက်ကိုပိုပြီး
ချိုလွန်းနေသည် ။
သို့ပေမယ့် အချိုလွန်ကဲသွားလို့ အီသွားတယ်ဆိုတာမျိုးရှိမနေ ။

𝕋𝕦𝕝𝕚𝕡𝕤 🌷Where stories live. Discover now