Part.6(Unicode +Zawgyi )

879 65 0
                                    

Unicode>>>>

အချစ်နဲ့ မကြုံခင်အထိ ကျနော်တို့ လူးသားတွေဟာ အေးချမ်းကြတယ် ။
ချစ်မိသွား ရင်တော့ ကျနော်တို့ဟာ ကျနော်တို့ ချစ်ရတဲ့သူ အတွက် ခလုတ်လေးထိမိမှာကအစ တွေးပီး စိတ်ပူ တတ်ကြတယ် ။

အချစ်ကြောင့် လူသားတွေက စိုးရိမ်ကြတယ်၊သောကရောက်ရတယ်၊ ပူလောင်တတ်ကြတယ်။တစ်ခါတစ်လေ တော့လဲ အချစ်က အေးချမ်းမှုကိုပေးတယ်၊ အထီးကျန်ခြင်းကို မေ့ပျောက်စေတယ်၊ ဝမ်းနည်းမှုတွေကို ထပ်တူခံစား ပေးနိုင်တယ်။

ချစ်တယ် ဆိုတဲ့စကားကို ကျနော်အရင်ကလောက် မယုံကြည် တော့ဘူး ။
အရင်တုန်း ကလိုလဲ လူတယောက်ကို စွဲစွဲမြဲမြဲမချစ်ရဲတော့ဘူး။

'''''''''''''''''''''''''''''''''''''''''''''''''''''''

"အကိုဇော်...သူဌေးက သူ့ရုံးခန်းကိုလာခဲ့ပါတဲ့"

ကျနော့်အဖွဲ့က ဝန်းထမ်းတွေနဲ့ project အကြောင်း ဆွေးနွေးနေတုန်း ဝန်ထမ်းတစ်ယောက်က လာခေါ်သော‌ကြောင့်.....

"ဟုတ်ပီ...ကျနော်သွားလိုက်မယ်...."

ဆွေးနွေးလက်စကို အဆုံးသတ်လိုက်ပြီး လင်းရဲ့ ရုံခန်းရှိရာ အပေါ်လွှာသို့ တက်လာခဲ့ လိုက်သည် ။

" ဂျာကြီး လမ်းလျှောက်ပုံကြီးက မိမိုက်နေရော...
ကြွေချင်စရာကြီး...."

" ဟုတ်ပ မျက်နှာကလဲ အမြဲတမ်း တည်တင်းနေတာ အချေရုပ်ကြီးနဲ့ ဆွဲဆောင်မှုရှိလိုက်တာ..."

" မိန်းမတွေ ဘူးထမကြနဲ့.... လုပ်စရာရှိတာ အပြီးသတ်လုပ် ဟိုကစိတ်မရှည်တတ်တဲ့ ဒေါသအိုး ဆိုတာ သိတယ်မလား..."

" သိပါ့ သိပါ့ အကြည့်နဲ့တင် အရည်ပျော်ကျနိုင်တယ် ...."

တစ်ယောက်တစ်ပေါက် ‌ပြောနေကြတဲ့ ဝန်ထမ်းတွေရဲ့ စကားတွေကို ဇော်တစ်ယောက်တော့ ကြားနိုင်မယ်မထင် ။

>>>>>>>>

ဒေါက်.!!.ဒေါက်.!!!.

"ဝင်ခဲ့ပါ"

"လင်း....ငါ့ကိုခေါ်တယ်ဆို"

"ဟုတယ်..
ဟဲဟဲ......ငါမင်းကို အကူအညီလေး တောင်းမလို့"

"ပြောလေ"

"ငါ့အမ ကုမ္ပဏီကို သွားပီး ဒီစာရွက်စာတမ်းလေးတွေ သွားပေးပေး ပါလား "

 My Sunshine Where stories live. Discover now