Part.14

709 49 2
                                    

မနက်ခင်း   ပြတင်းပေါက်မှ နေရောင်ခြည် စူးစူးတို့ ဝင်ရောက် လာ၏။
မျက်လုံးဖွင့်လိုက်တာနဲ့ ကိုယ်သိပ်ချစ်ရသော ကိုယ်သိပ် မြတ်နိုးရသော သူရဲ့ မျက်နှာလေးကိုဘဲ ပထမ ဆုံး ပြေးမြင်မိသည် ။
ကိုယ့်ရဲ့တစ်နေ့တာအစဟာ သူ့ပုံရိပ်လေးကြောင့် အရာရာလှပနေတော့သည် ။
ဒီလိုမျိုး နိုးထလာရတဲ့ မနက်ခင်းလောက် လှပလွန်းတဲ့ မနက်ခင်းဆိုတာ မရှိနိုင်တော့ဘူးထင်ပါရဲ့ ။

အိပ်ရာဘေးမှာ တင်ထားတဲ့ ဖုန်းလေးကို ယူကြည့် လိုက်တော့ ကျွန်မသိပ်ချစ် ရပါသော 'မောင့်'စီက message လေးတွေက အချိန်မှန်ရောက်နှင့်နေပီးသား။

* Morning 'မောင့်' ကလေးမလေး...
တစ်နေ့ တာလုံးမှာ ‌'မောင့်'အချစ် တွေကြောင့် အရာရာအဆင်ပြေပါစေ💙💙*

ဒါလေးက 'မောင်' မနက်တိုင်း ပို့နေကျစာလေးတွေ....

*ခဏနေ..'မောင်' လာခေါ် မယ်နော်....*

ဟုတ်သား... မနေ့က 'မောင်'က အတူသွားစရာ နေရာ ရှိတယ် လို့ ပြောထားတာဘဲ မေ့နေတာ။
အခုမှ အိပ်ရာက ပြာပြာသလဲ ထပီး သွားဖို့အတွက် ပြင်ဆင် ရတယ်။

&&&&&

" ဟာ ...သား မောင်ဇော် လာထိုင်ကွာ.."

'မ'ရဲ့ အိမ်ထဲ ဝင်ဝင်ချင်း 'မ'ကတော့ မရှိ။
ဧည့်ခန်း ထဲမှာ သတင်းစာထိုင်ဖတ်နေတဲ့ 'မ'ရဲ့ အဖေက ဆီးကြိုနေတော့သည် ။

"သမီးကို ....လာခေါ် တာလား"

" ဟုတ်တယ်...ဒီနေ့ 'မ'နဲ့ အတူသွားစရာ နေရာလေး ရှိလို့လေ..."

" အင်း....ဒါနဲ့..သမီးနဲ့ ဘယ်တော့လက်ထပ် မှာလဲ."

"ဟာ.....အန်ကယ် ကလဲ..."

"မဟာနဲ့...ငါ့မှာ တစ်နေ့တစ်နေ့ သမီးဆီကနေ မင်းအကြောင်းတွေ ကြားနေရတာ သားမက် တော်ချင်လှပီကွ... "

" မကြာတော့ပါဘူး...အန်ကယ် ဖြစ်စေချင်သလို လုပ်ဖို့ ကျနော့်မှာ အစီအစဉ်ရှိပါတယ်.."

" ဟား..ဟား.. မင်းနဲ့ဆိုသမီးကို စိတ်ချပီးသား... ပွဲစီစဉ်ပေးဖို့အတွက် စောင့်နေ မယ်နော်.."

" အမယ်....နှစ်ယောက်သား ဘာတွေ သဘော ကျပီး ရယ်နေ ကြတာလဲ...."

လူထက် အသံ အရင် ရောက်လာ တဲ့ 'မ'ကို ကျောပေးပီး ထိုင်ထားတော့ လှည့်ကြည့်ရသေးသည် ။ 'မ'ဟာ ရှပ်အကျီ နက်ပြာ လေးကို ဂျင်းဘောင်းဘီ အနက်ရောင် လေးနဲ့ တွဲဖက် ဝတ်ဆင် ထားသည်။

 My Sunshine Where stories live. Discover now