Part.9(Unicode+Zawgyi)

918 54 3
                                    


>>>>Unicode

အချိန် ခဏ အကြာ 'ကို့'ရဲ့ ရင်ခွင် ထဲမှာ စိတ်ရှိတိုင်း ငိုကြွေး ပီးနောက် ......
ကို့ကိုလဲ အကြောင်းစုံ ရှင်းပြလိုက်ရတော့...
'နှင်း'စိတ် ထဲလဲ  ပေါ့ပါး သွားသလို ရှိသည်။

'ကို'က အရင် အတိုင်းဘဲ 'နှင်း' ငိုနေ ပီဆို ရင်ခွင် ထဲမှာ ထည့်ပေးထားပီ....
ဘာစကား မှမပြောဘဲ ခေါင်းလေးကို အသာ ပွတ်ပေးကာ စိတ်ရှိတိုင်း ငိုကြွေးခွင့် ပြုသည်။

နှင်းရဲ့ ပါးပြင် ပေါ်က မျက်ရည် လေးများ ကိုငြင်သာ စွာသုတ်ပေး၍....

" ကိုယ် တောင်းပန် ပါတယ် ..ကိုယ့်ဘက် ကိုဘဲ ကြည့်ပီး ကိုယ့် နာကျင်မှု ကိုဘဲ ကိုယ်မြင် ခဲ့တယ်.. 'နှင်း' ကိုယ့်ထက် နာကျင် နေရ တာကို မသိဘဲ 'နှင်း'ကို မုန်းတီးနေခဲ့မိတာ..
ကိုယ် တောင်းပန် ပါတယ်..'
ကိုယ် တကယ် မကောင်း တဲ့လူဘဲ "

" 'ကို' တောင်းပန် စရာ မလို ပါဘူး.....
'နှင်း' ကသာ တောင်းပန် ရမှာ.....
'ကို့'ကို အကြောင်းမဲ့ လမ်းခွဲခဲ့ပြီး ကို့ရဲ့ အချစ်တွေကို စော်ကားခဲ့တာ..."

" မဟုတ်တာ..ကိုယ့် ကြောင့်နဲ့ 'နှင်း' အဖေ.."

" 'ကို'ရယ် အဲ့အကြောင်း တွေမပြော ပါနဲ့တော့...
နာကျင် စရာတွေ ရှိခဲ့တဲ့ အတိတ်တွေကို မေ့ပစ်လိုက်ကြရအောင်......
ကံစေရာအတိုင်း ကိုနဲ့နှင်း ဝေးခဲ့ရပေမဲ့..
အခု 'ကို့' ဘေးကို 'နှင်း'ပြန်ရောက် လာပီ....
ပျော်စရာတွေ အတူပြန်ပြီး ဖန်တီးဖို့ နှင်းတို့ အရင်လိုပြန်နေ ရအောင်.....
နှင်းကို ပြန်လက်ခံပေးပါနော်...."

##################
>>>>>>>>>>>

" 'ဇော်'ရေ...... ည‌နေစာ ပြင်ပီး ပီနော် ..စားရအောင် ထွက်ခဲ့ တော့"

တစ်တိုက်လုံး ကြားအောင် ညနေစာ စားဖို့ အော်ခေါ် နေတဲ့ လင်းကြောင့် အခန်း ထဲမှ ထွက်ကာ ထမင်း စားခန်း ထဲသို့ ထွက် လာခဲ့ လိုက်သည်။

" အိုး.....ငါ့ သူငယ် ချင်းရဲ့ လက်ရာ က အကောင်း ဆုံးဘဲ"

ဒီနေ့မှ ထူးထူးဆန်းဆန်း ချီးကျူးနေတဲ့ ဇော့်ကို ကျနော့်မှာ ‌အံ့ဩစွာ ကြည့်နေမိသည် ။
ဇော်ကတော့ ခုနက ပြောတာ သူမဟုတ်သလို
ထမင်းကိုသာ ဆက်စားနေသည် ။

 My Sunshine Where stories live. Discover now