Part.23

636 42 2
                                    

အခန်းထဲ ရောက်တာနဲ့ နံရံမှာ မှီထိုင်ချပီး ဒူးနှစ်ဖက်ပေါ် မျက်နှာအပ်ကာ စိတ်ရှိတိုင်း ငိုကြွေးနေ မိသည် ။
ကျွန်မ မျက်လုံးတွေထဲ ‌'မောင့်'ပုံရိပ် လေးတွေကိုဘဲ မြင်ယောင် နေမိသည် ။
' မောင့်'ကို ဘယ်လို ရှင်းပြ ရမလဲ ...
'မောင်'ရော ခွင့်လွှတ် နိုင်ပါ့ မလား ။
ဟင့်အင်း... 'မောင်' ခွင့်မလွှတ်ရဘူး ။
'မောင့်'ဆီကနေ ခွင့်လွှတ်မှု တောင်းခံဖို့ကို အကြောင်း မရှိတာ ။
'မ'.....'မ'က ....'မောင်'နဲ့တောင် မတန်တော့ဘူး ။ 'မ'ရဲ့ဘဝက ပျက်စီး သွားခဲ့ပီ......။
စိတ်ထဲမှာ အော်ဟစ် ပေါက်ကွဲနေ ပေမဲ့ ပါးစပ်ဖျား ကိုတော့ စကားတစ်လုံးမှ ထွက်မကျ လာခဲ့... မျက်ရည်တွေသာ အဆက်မပြတ် ပါးပြင်ပေါ်ကို စီးကျနေခဲ့သည်  ။

📲📲📲📲📲🎶🎶🎶🎶

ဝင်လာတဲ့ ဖုန်းကို ကောက်ယူ လိုက်ပေမဲ့ ကိုင်လိုက်ခြင်း မရှိဘဲ ဖုန်းမျက်နှာပြင် ကိုသာ အကြောင်းအရင်းမဲ့ ငေးကြည့် နေမိသည် ။
ငေးနေသည့် ကြားမှာဘဲ မြည်နေတဲ့ ဖုန်းသံလေးဟာ တိတ်ဆိတ် သွားခဲ့သည် ။
မကြာပါ ... နောက်တစ်ခါ ထပ်မြည် လာခဲ့သည် ။
ဒီတစ်ခါလဲ ကျွန်မ ကိုင်လိုက် ခြင်း မရှိဘဲ ငေးကြည့် နေတုန်း .......
ဆက်တိုက် ဝင်နေတဲ့ ဖုန်းသံဟာ တစ်ဖက်လူ ဘယ်လောက် စိတ်ပူနေမယ် ဆိုတာ ကျွန်မသိပါသည် ။
နောက်ဆုံး စိတ်ကို အားတင်းကာ ကိုင်လိုက်သည် ။

* 'မ'.. နေမကောင်းဘူးလား... 'မောင်'ဖုန်း ခေါ်နေတာ ကြာလှပီ ..
'မ' ..ဖုန်းခေါ်မဲ့ အချိန်ကို 'မောင်'စောင့်နေတာ .. မနေနိုင်တော့လို့ ...
'မောင်' ခေါ်တော့လဲ 'မ'က တော်တော်နဲ့ မကိုင်ဘူး.. ' မောင်' ဘယ်လောက် စိတ်ပူလိုက်ရလဲ 'မ'သိရဲ့လား.."

ဒေါသသံ မပါဘဲ တကယ် စိတ်ပူနေလို့ အဆက်မပြတ် ပြောနေတဲ့ 'မောင့်' စကား တွေကြောင့် ဖြစ်ခဲ့သမျှ ကိစ္စတွေကို ခဏမေ့ပီး ကျွန်မ ပြုံးလိုက် မိသည် ။
ကျွန်မ ခဏ ဖုန်းလေး မကိုင်တာတောင် 'မောင်' ဒီလောက် စိတ်ပူနေတာ ကျွန်မသာ 'မောင့်'အနားက ထွက်သွားရင် 'မောင်' အရမ်းနာကျင် ရမှာဘဲ ။
'မောင့်' အသံလေးကြောင့် တိတ်သွားခဲ့တဲ့ မျက်ရည်တွေဟာ 'မောင့်' အတွက်နဲ့ ပြန်စီးကျလာခဲ့သည် ။

" 'မ'...ဖုန်းသံ မကြားလိုက်လို့ပါ..."

ငိုထားတဲ့ အရှိန်ကြောင့် တုန်ရီနေတဲ့ အသံကို အတတ်နိုင်ဆုံး ထိန်းပြောလိုက်ပေမဲ့....

 My Sunshine Where stories live. Discover now