Part.22

611 44 0
                                    

* 'မ'ရယ် .... မသွားပါနဲ့လား.. 'မ'တစ်ယောက်ထဲ စိတ်မချ ပါဘူး *

" 'မောင်'ရယ်... နှင်းလေးကို ပြောပီးသွားပီ သေချာပေါက် လာခဲ့မယ်လို့... အခုမှ မသွားတော့ရင် အားနာစရာတွေ ဖြစ်ကုန်မှာပေါ့ "

မနေ့က နှင်းလေး လာဖိတ်ထားတဲ့ dinner ပွဲကို 'မောင်'က ကျွန်မကို တစ်ယောက်ထဲ မသွား စေချင်လို့ တားနေ ခြင်းဖြစ်သည် ။
'မောင်'စကားကို နားထောင်ပီး မသွားချင်ပေမဲ့ သေချာပေါက် လာခဲ့ပါ့မယ်ဆိုပီး ပြောထားတော့ မသွားလို့ ကလဲ မရ ။
လူကိုယ်တိုင် လာဖိတ်ပီးတာတောင် ဖုန်းထပ် ဆက်ပီး ဆက်ဆက် လာခဲ့ဖို့ပြောတာကြောင့် ကျွန်မလဲ သေချာပေါက် လာခဲ့ပါ့မယ် ဆိုပီး ကတိပေးလိုက်မိသည် ။

" ဘာအားနာစရာ လိုလို့လဲ... 'မောင်'သူ့ကို ဖုန်းဆက်ပီး လှမ်းပြောလိုက်မယ်..'မ'မလာနိုင် ဘူးလို့ "

" မဆက်ပါနဲ့ ... 'မောင်'ရယ်.. ဒီတစ်ခါလေးပဲ ခွင့်ပြု ပေးပါ.. 'မ'က ကတိပေးပီးသား မို့လို့ မဖျက်ချင်လို့ပါ...နောက်ပြီး 'မ'က ကလေးလဲ မဟုတ်တော့ပါဘူး.. "

" 'မောင်'က......."

ကျနော် ဆက်ပီး တားချင် ပေမဲ့ 'မ'က ကတိပေး ပီးသား ဆိုတော့ 'မ'ကို ကတိ မတည်တဲ့ လူလို့လဲ အထင်မခံ စေချင်ဘူး ။
စိတ်မချ ဘူးဆိုပေမဲ့ 'မ'ရဲ့ လူမှုရေး ကိုတော့ နားလည် ပေးရမှာပေါ့ ။

" ဟုတ်ပါပီ... ဒါဆို 'မောင်' မတား တော့ပါဘူး... 'မ'ကို စိတ်ချ လို့တော့ မဟုတ်ဘူးနော်.. နောက်ပီး အရက်တွေ ၊ ဝိုင်တွေလဲ မသောက်နဲ့ .... "

" ဟုတ်ပါပီ..ရှင့်.. အပြန်ကျရင် ဖုန်းမဆက်တော့ဘူးနော် "

" အမ်....ဘာလို့တုန်း ! "

" အာ ... 'မောင်'ရယ် ဖြေးဖြေးအော်ပါ..
'မ'က ညဘက် ပွဲတွေ သိပ်မတက် ဖြစ်ဘူးလေ နေ့ဘက်လဲ တစ်နေ့လုံး အလုပ်တွေလုပ်ရ အခု ပွဲက ပြန်လာရင် ပင်ပန်းလို့ အိပ်ပျော် သွားမှာ စိုးလို့ပါ "

" အင်းပါ... မဆက်နဲ့တော့ ... ဂရုစိုက် သွားနော် "

" အင်း... ဒါပဲနော် 'မောင်'... 'မ'သွား လိုက်အုံးမယ်..
အရမ်း ချစ်တယ် 'မောင်'......"

ဖုန်းချပီးတော့ သွားရမဲ့ အချိန်ကလဲ နီးနေပီဆိုတော့ ဒယ်ဒီကို နှုတ်ဆက်ပီး နှင်းလေး ဖိတ်ထားတဲ့ hotel နောရာသို့ ထွက်လာခဲ့ လိုက်သည်။

 My Sunshine Where stories live. Discover now