Part.13

758 58 1
                                    

ဒေါက်..ဒေါက်...ဒေါက်...

"ဝင်ခဲ့ပါ..."

ဝင်လာပေမဲ့ ဘာစကားမှမပြောလာ သောကြောင့် စာရင်းတွေ စစ်နေတဲ့ကြားက မော့ကြည့်လိုက်ရာ

တံခါးနားမှာ လက်နှစ်ဖက်ကိုပိုက်ကာ ကျွန်မကို ပြုံးပြုံးကြီး ကြည့်နေသော 'မောင်'ကြောင့် အရှက်သည်းစွာ မျက်နှာလွှဲလိုက်ရသည် ။
မောင်နဲ့အကြည့်ချင်း ကြာကြာမဆုံနိုင် ..မောင့်ရဲ့အကြည့်တွေက စူးရှလွန်းတယ် ။

" 'မောင်'.... ဘာလို့ အဲ့မှာရပ်နေတာလဲ...ဝင်ထိုင် တာမဟုတ်ဘူး.."

" 'မ' ..အလုပ်လုပ်နေတဲ့ ပုံလေးကို သဘောကျလွန်းလို့ "

ရှပ်အကျီ လက်ရှည် ရောင်စုံကို စကပ်နဲ့ဖစ်ဖစ် ဘောင်းဘီနဲ့ ဖစ်ဖစ် အမြဲတွဲဝတ်တတ်တဲ့ 'မ'ရဲ့ ရိုးရှင်းတဲ့ပုံစံကို တကယ် သဘောကျသည် ။
ကျောလည်ထိရှည်လျားတဲ့ ဆံနွယ်တွေကို အမြဲစည်းနှောင်ထားတတ်တဲ့ မဟာ သဘာဝဆန်စွာ လှသည် ။
မိတ်ကပ်ခြယ်သထားခြင်း မရှိတဲ့ မရဲ့မျက်နှာ ပြောင်ရှင်းရှင်းလေးက အကြည့်မလွှဲနိုင်အောင် ဆွဲဆောင်မှုရှိသေးသည် ။

" 'မောင်'ကတော့ မြှောက်နေပြန်ပီ...ပြောပါအုံး...ဒီအချိန်ကြီး ဘာကိစ္စ ရှိလို့လဲ..."

လုပ်လက်စ အလုပ်ကို ရပ်လိုက်ပြီး မောင့်ဘေးမှာ ဝင်ထိုင်လိုက်သည်။

" 'မောင့်' ကလေးမလေးက..အလုပ်တွေဘဲ တဇွတ်ထိုးလုပ်နေပီး နာရီမကြည့်ဘူး ထင်တယ် ..၅နာရီ ထိုးနေပီ..မရဲ့
'မောင့်'ရုံး ဆင်းချိန် ရောက်‌‌ပီလေ..."

‌'မောင်' ပြောမှ နာရီ ကြည့်မိသည် ။
စာရင်းတွေ မမှန်လို့ ပြန်ပြန် စစ်နေရင်း အချိန်တွေ ကုန်လို့ ကုန်မှန်း တောင်မသိ...

" ဟုတ်သား...၅နာရီတောင် ကျော်နေပီ.. မနက် ကတည်းက အလုပ်တွေရှုပ်နေတာ..အခုလဲ စာရင်း တွေ မမှန်သေးလို့ ပြန်စစ်နေတာ.."

" မပြီးသေးဘူးလား......
လာ...'မောင်' ကူလုပ်ပေးမယ်...မနက်ကတည်းက လုပ်နေရတာ မောင့်ကလေးမလေး ပင်ပန်းနေတော့မှာဘဲ "

ခေါင်းလေးကို အသာပုတ်ပြီး ချွဲနွဲ့စွာ ပြောလာတဲ့ မောင့်ပုံစံလေးကို မြတ်နိုးသည် ။
မောင်ဟာ ကျွန်မပထမဆုံးရင်ခုန်ရတဲ့သူဖြစ်သလို မောင်ဟာ ကျွန်မရဲ့အချစ်ဦးလဲဖြစ်သည် ။
ကျွန်မရဲ့ ပထမဆုံးဆိုတဲ့အရာတွေကို မောင့်ကိုဘဲပေးချင်တယ် ၊ မောင့်ကြောင့်ဘဲဖြစ်ပေါ်စေချင်တယ် .......
မောင်ရဲ့အတိတ်မှာ ဘာတွေဘဲဖြစ်ခဲ့ဖြစ်ခဲ့ လက်ရှိအချိန်မှာတော့ မောင့်ကိုပျော်ရွှင်စေချင်တယ် ။

 My Sunshine Where stories live. Discover now