Part.25

716 43 0
                                    

'ဇော်'ဟာ မမဆုံးတဲ့ နေ့ကစပီး မမရဲ့ အခန်းထဲ ကနေ လုံးဝ ထွက်မလာခဲ့ ။
မမကို သဂြိုလ်တဲ့နေ့လဲ လိုက်မပို့သလို ရက်လည်ပီး တဲ့အချိန်အထိ 'ဇော့်'ရဲ့ အရိပ်အယောင်ကို လုံးဝ မတွေ့ ရချေ ။
အစာမစား ရေပင်ထမသောက်တဲ့ 'ဇော့်'ကို ဘယ်လို နှစ်သိမ့်ပေး ရမလဲ ။
အဖြစ်မှန်တွေကိုရော ပြောပြသင့်ရဲ့လား ။
ကျနော်တောင် ဒီလောက်ခံပြင်မိတာ ဇော်ဆိုရင်ရော
အဖြစ်မှန်‌တွေ သိသွားခဲ့ရင် ဘာတွေဆက်ဖြစ် နိုင်မှာလဲ ။

အတွေးတွေနဲ့ပင် 'ဇော်'ရှိတဲ့ မမအခန်းထဲသို့ တက်လာ ခဲ့လိုက်သည် ။
အခန်းတံခါး ဖွင့်လိုက်တော့ နေ့ခင်းဘက် ဖြစ်သည့် အလျောက် အခန်းထဲမှာတော့ တစ်ခန်းလုံး မှောင်မဲ နေသည် ။
လိုက်ကာများကို ဆွဲလှန်ပီး ပြတင်းပေါက် များကို ဖွင့်လိုက်သည် ။

ခုတင်‌ခြေရင်း နံရံဘက်ကို စိတ်ပျက်လက်ပျက် မှီကာ ထိုင်နေပီး ရှေ့တည့်တည့် စားပွဲပေါ်က မမရဲ့ ဓာတ်ပုံကိုသာ မျက်တောင်မခတ် စိုက်ကြည့်နေတဲ့ 'ဇော်'... အသိစိတ်ကင်းမဲ့နေတဲ့ လူတစ်ယောက်လို ဖြစ်နေပီး ကျနော် ဝင်လာတာတောင် သိပုံမရ ။

မမရဲ့ ဓာတ်ပုံကိုသာ အကြည့်မလွှဲပဲ မျက်နှာသေဖြင့် စိုက်ကြည့် နေသည် ။
အပြင်ပန်းပုံစံတောင် ဒီလောက်ဖြစ်ပျက်နေရင် 'ဇော့်' ရင်ဘတ်ထဲမှာဆို ဘယ်လောက်တောင် နာကျင်ခံစား နေလိုက်ရမလဲ ။
နာကျင် စရာဒဏ်ရာတွေပဲ ခဏခဏ ရနေတဲ့ 'ဇော့်'အတွက် ဒီတစ်ခေါက်က အနာကျင်ဆုံး ဖြစ်လိမ့်မည် ။
'ဇော်' ခံနိုင်ရည် ရှိပါအုံး မလား ။

" ' လင်းလင်း' ... မောင်ဇော်လေးကို အစာစားဖို့ ခေါ်လိုက်ပါအုံး... ဒီပုံစံ အတိုင်းဆို တစ်ခုခုဖြစ်သွားလိမ့်မယ်..."

တံခါးဝမှာ ရပ်နေပီး 'ဇော်'ကို ဂရုဏာ သက်ဖွယ် အကြည့်တွေနဲ့ ကြည့်နေတဲ့ မမအဖေရဲ့ ရင်ထဲမှာလဲ 'ဇော့်'နည်းတူ ခံစား နေရမှာပါ ။
ဆုံးရှုံးလိုက် ရတာချင်းက အတူတူ ဘဲလေ ။
ဘဝမှာ သမီးရှိနေရင် ပီးပြည့်စုံပီဆိုတဲ့ ဖခင်နဲ့ ဘဝမှာ 'မမ မရှိရင် မဖြစ်ဘူးဆိုတဲ့ သိပ်ချစ်မြတ်နိုး ရတဲ့သူ... သူတို့နှစ်ဦးရဲ့ ဆုံးရှုံးမှုက သိပ်ကို ကြီးမား လွန်းပါတယ် ။

 My Sunshine Where stories live. Discover now