Part.11

984 61 2
                                    

'မ'ဆိုတဲ့ နာမ်စားလေးတစ်ခုနဲ့တင် ကျနော့်ကိုအသေသတ်နိုင်တယ်ဆိုတာ 'မ'သိရဲ့လား ...
ကျနော်ထပ်ချစ်မိမှာ ကြောက်တယ်
ကျနော်ထပ်ပြီး ထားသွားခံရမှာကြောက်တယ်
ကျနော်ထပ်ပြီး နာကျင်ရမှာကြောက်တယ်

'မ'ဆိုတဲ့ဖြစ်တည်မှုက ကျနော့်အတွက်နာကျင်မှုတွေဘဲ ...
ရှေ့ဆက်ရင်လဲနာကျင်ရမှာ ဖြစ်သလို နောက်ဆုတ်ပြန်ရင်လဲ နာကျင်ရအုံးမှာ....
ဘယ်လမ်းကိုဘဲရွေးရွေး ကျနော့်အတွက်ကနာကျင်ခြင်းတွေသာ ...အကြောက်တရားတွေ

ကျနော်ရဲ့အကြောက်တရားတွေက 'မ'အပေါ်ကိုနာကျင်ခြင်းတွေ ဖြစ်စေခဲ့ရတယ် .....
ကျနော်မှားသွားတယ် 'မ'...
ကျနော်နာကျင်နေရသလို 'မ'လဲကျနော့်ကြောင့် နာကျင်နေရတာကို ကျနော်မတွေးမိခဲ့ဘူး ...
ကျနော်နဲ့ထပ်တူခံစားနေရတဲ့ 'မ'ရဲ့ခံစားချက်ကို ထည့်မတွက်မိခဲ့ဘူး ...

သစ္စာဖောက်နေတဲ့ ရင်ခုန်သံနဲ့ ဦးနှောက်အသိရဲ့ဟန့်တားမှုတွေကြားမှာ ကျနော်ဘာကို ရွေးချယ်ရမလဲ .....
'မ'ကိုချစ်ပေမဲ့ မရွေးချယ်ရဲဘူး 'မ'ရယ် ....

>>>>>>>>>>>>

"လူနာက..အားအရမ်းနည်းနေလို့ မေ့လဲသွားရတာပါ..အခုဝောာ့ ဆေးလဲထိုးထားပြီးပြီ ဆိုတော့စိုးရိမ် စရာမရှိ ဝောာ့ပါဘူး...နိုးလာတဲ့ အခါကျရင်တော့အားရှိမဲ့ အစားစာတွေကျွေးဖို့တော့ လိုတယ်......."

"ဟုတ်ကဲ့....ဆရာ"

ဆေးရုံခုတင်ပေါ်မှာ အားပျော့စွာလဲနေတဲ့ 'မ'ကို မြင်လိုက်ရတော့ ရင်ဘတ်ထဲက တဆစ်ဆစ်နဲ့နာကျင်‌နေရတာ ဘာလို့များလဲ...
ကျနော့်ကြောင့် 'မ'တစ်ခုခု ဖြစ်သွားမှာ စိုးရိမ်လွန်းအားကြီးနေလို့လား ...

" ‌'ဇော်'...ငါညအိပ်စောင့်လိုက်မယ်...မင်းအိမ်ပြန်နားလိုက်တော့ "

" ရတယ်... 'မ' အနားမှာ ငါစောင့်ပေးလိုက်မယ်..ငါ့ကြောင့် ဖြစ်ရတာဆိုတော့......"

ကျနော့်ကြောင့် ... သိပ်ဟုတ်တာပေါ့ ဘာမှအသုံးမကျတဲ့ ကျနော့်ကြောင့်သာ 'မ'အခုလိုဖြစ်ရတာလေ ။

" ဘာလို့ ကိုယ့်ကိုကိုယ် အပင်ပန်းခံနေရတာလဲ...'ဇော်' ....ဖြစ်ပြီးသားတွေနဲ့ ဖြစ်လာမဲ့အရာတွေကို အများကြီးတွေးမနေဘဲ လက်ရှိကိုဘဲ ရိုးရိုးရှင်းရှင်းလေးလက်ခံလိုက်ပါလား "

 My Sunshine Where stories live. Discover now