Part.17

644 50 1
                                    

မီးရောင်စုံတွေကြားထဲမှာ ဆူညံစွာ ကခုန်နေကြတဲ့ သူတွေအများကြီးကို တွေ့ရသည် ။
ကျနော် အခုရောက်နေတာ club တစ်ခု
တစ်သက်နဲ့ တစ်ကိုယ် ခြေဦးတောင်မလှည့် ဖူးတဲ့ နေရာကို တစ်ယောက်သော သူအတွက် ကျနော် ရောက်ရှိ နေရသည် ။

စားပွဲဝိုင်း တစ်ခုမှ မိန်းကလေး တစ်ယောက် ကျနော့် ကို လက်လှမ်း ပြနေသည် ။ 
သေချာ ကြည့်လိုက်တော့ 'မ'ရဲ့ သူငယ်ချင်း 'မဖြူ' ...ဘေးမှာ တခြားသူတွေလဲ ရှိနေပေမဲ့ ကျနော်မသိ။
ကျနော် ထိုစားပွဲဝိုင်းကို လျှောက်သွားလိုက်တော့ တွေ့ပါပီ...ကျနော့်ရဲ့ အမူးသမားလေး.......

" ဘယ်လောက်တောင် သောက်ထားလို့ ဒီလောက် မူးနေရတာလဲ.."

" 'နန္ဒီ' က..အများကြီး မသောက် ပါဘူး.. နည်းနည်းဘဲ သောက်တာ ..."

ဘယ်သူ့ကိုမှ ကြည့်ပီး မေးလိုက်တာ မဟုတ်ပေမဲ့ 'မဖြူ'ကတော့ ဖြေပေး ရှာသည်....
နည်းနည်းဘဲ သောက်တဲ့ သူက ခေါင်းမထောင်နိုင်အောင် မှောက်နေရတယ်လို့....

" ဟုတ်ပါပီ..ဒါဆို ..ကျနော် 'မ'ကိုခေါ်သွား လိုက်တော့မယ်"

"အင်း...အမကူတွဲ ပေးရအုံးမလား."

" ဟုတ် ...ကားနားထိ တစ်ချက်လောက်.."

အမူးသမား လေးက ခေါ်လာတာကို အငြိမ် မလိုက်
တော်သေးတာပေါ့ 'မဖြူ' လိုက်လာ ပေးလို့သာ ကားနားထိ ရောက်လာတာ
တ‌စ်ယောက် ထဲဆို မလွယ်ဘူး။
ပါးစပ်ကလဲ ပြောနေတာ ဘာတွေပြောနေလဲ တော့မသိ။
ကားပေါ် မှာတော့ ငြိမ်ငြိမ်လေး လိုက်လာလို့ တော်သေးသည် ။

" ဟာ...သမီး ..ဘယ်လို ဖြစ်လာ တာတုန်း"

'မ'ရဲ့ အခု ပုံစံက ကျနော် တွဲပေး ထားတာတောင် ခေါင်းက အောက်ငိုက် စိုက်ကျနေတာ 
အန်ကယ် စိတ်ပူ မယ်ဆိုလဲ ပူချင်စရာ တကယ့် ခေါင်းမထောင်နိုင်အောင်ကို သောက်ထား တဲ့ပုံစံနဲ့။

" 'မဖြူ'ဖုန်း ဆက်လာလို့...ကျနော် သွားခေါ် လာတာ"

" အေး..တစ်ခါမှလဲ မသောက် ဖူးဘဲနဲ့..."

" ဟုတယ်..'မ'က..နည်းနည်း ဘဲသောက်တာ လို့တော့ပြောတယ်...."

" အေးအေး...အန်ကယ် ကူတွဲပေးရအုံးမလား.."

 My Sunshine Where stories live. Discover now