Part 3

16.6K 1.2K 13
                                    

Unicode
(ကိုယ်ကရေးပြီးရင် ချန်မထားတတ်အောင်ဖြစ်တော့ ရေးသမျှကိုအပ်ပေးပါတယ်နော်၊ နောက်အပိုင်းတွေကတော့ နေ့စဉ်လဲဖြစ်ရင်ဖြစ်မယ် တစ်ရက်ခြားလဲဖြစ်ရင်ဖြစ်မယ် မသေချာဘူးပေါ့နော်၊ ပြီးရင်ပြီးသလိုအပ်ပေးပါမယ်)

Private school ဝင်းထဲကိုကျောင်းသားမိဘတွေကကိုယ်ပိုင်ကားတွေနဲ့လာပို့ကြ၏။ ကျောင်းဝင်းကလူစည်နေပြီး ကျောင်းသားတွေအားလုံးကလဲ အတန်းဖော်တွေကိုပြန်တွေ့ရလို့နှုတ်ဆက်စကားပြောနေကြသည်။ ခန့်အပ်ထားတဲ့ဆရာတွေနဲ့ကျောင်းအုပ်ကြီးတွေကတော့ သင်ရမယ့်ဘာသာရပ်တွေကိုအချိန်စာရင်းဆွဲကာ အခန်းရဲ့ဘုတ်တွေမှာလိုက်ကပ်နေကြ၏။ တခြားတာဝန်ရှိသူတွေကလည်းသူ့နေရာနှင့်သူတာဝန်ထမ်းဆောင်နေသည်။ နေ့လည်စာစီစဉ်တဲ့သူတွေကစီစဉ်ညွှန်ကြား၊ သန့်ရှင်းရေးတာဝန်ယူသူယူနှင့်အသက်ဝင်နေ၏။

သူတို့အားလုံးတစ်ချိန်ထဲမှာလှည့်ကြည့်လိုက်ရ၏။ ဒါကတော့ကားတန်းအရှည်ကြီးနဲ့ကျောင်းကိုရောက်ချလာတဲ့သူကြောင့်ပင်။ သူက မဟာဂရုရဲ့အငယ်ဆုံးသားဖြစ်ပြီး နိုင်ငံတော်အတိုင်ပင်ခံဟောင်း ဦးမြတ်သူရရဲ့သား မဟာမြတ်သွင်ကြောင့်ပင်။ နောက်တစ်ခုကတော့ သူက dominant alpha တစ်ယောက်ဖြစ်တာကြောင့်လဲပါ၏။ ကားတန်းကကျောင်းရှေ့မှာရပ်သွားပြီး ကားတစ်ကားဖွင့်ကာဆင်းလာသူရဲ့ခြေထောက်တွေကရှည်လျားသည်။ ဒါက အထက်တန်းကျောင်းသားဟုပြောရမှာတောင် အားနာဖို့ကောင်းသည်။ တစ်ချို့စီနီယာတွေဆို မဟာမြတ်သွင်ကိုပြန်၍ အားကျနေကြတာဖြစ်၏။ မဟာမြတ်သွင်မှာ ရှည်လျားတဲ့ခြေထောက်တွေလက်တွေအပြင် သူ့အရပ်ကကျောင်းသားအားလုံးထက်‌ကျော်နေတာဖြစ်သည်။ တည်ကြည်တဲ့ရုပ်ရည်ရှိပြီးနှာတံချွန်ချွန်၊ နှုတ်ခမ်းကမထူမပါးနှင့် အသားအရေကဖြူကာနှစ်လိုဖွယ်ကောင်းသည်။ မျက်ခုံးတွေကထူထဲပြီးတန်းနေ၏။ အထက်တန်းကျောင်းသားဟုဆိုစေကာမူ alpha ချင်းပြန်ကြွေဆင်းရလောက်တဲ့ Body ကိုလည်းပိုင်ဆိုင်ထားသူဖြစ်သည်။ ဆံပင်တွေကိုကအစ ဘေးကအပြောင်ရှိတ်ထိုးတာမဟုတ်ပေမယ့်မထူးမပါးဖြင့် သူနဲ့အရမ်းကြည့်လို့ကောင်းသည်။

ကျောင်းသားဝတ်စုံ ဘောင်းဘီနီညိုနဲ့ရှပ်အင်္ကျီအဖြူကသူနှင့်လိုက်ဖက်သည်။ ရှုးဖိနပ်အနက်ကပြောင်ကာတောက်နေပြီး style pant နီညို၊ ရှပ်အင်္ကျီအဖြူ necktie နီညိုနဲ့သူက branded နာရီတစ်လုံးကိုပတ်ထားပြီးကျောပိုးအိတ်ကိုလွယ်ကာ ကျောင်းဝင်းထဲလမ်းလျှောက်ဝင်လာသည်။ သူဝင်လာတာနဲ့အမျှ Omega တွေကသူတို့ရဲ့ Pheromones တွေထုတ်ကာအနံ့တွေပေးကြတော့သည်။ ဒီအနံ့တွေကသူ့ကို အနှောက်အယှက်ပေးနေသလို။ သူဒီအနံ့တွေကို သူ့ရဲ့ Pheromones တွေထုတ်ကာဖိနှိမ်လိုက်၏။ ထိုအခိုက်မှာ omega လေးတွေမပြောနဲ့ တချို့ Beta တွေရော alpha တွေပါခြေမခိုင်ချင်တော့။ Omega တွေရဲ့ Pheromones တွေငြိမ်သွားမှ သူရဲ့ Pheromones တွေကိုပြန်ထိန်းချုပ်လိုက်သည်။

Where My Mate (Complete) Uni & Zawgyi Where stories live. Discover now