Part 12

12.8K 1K 7
                                    

Unicode

သားသမီးကိစ္စနဲ့နှစ်ဖက်မိသားစုတွေ့စုံပွဲကတော့ စကားတွေမြိုင်နေ၏။ လက်ထပ်ကြမယ့် ကိုကြီးသီဟသွေးနဲ့မမနန်းကတစ်ဖက်မှာအတူထိုင်သည်။ ကျန်တဲ့သူတွေကတော့ သူ့ဘက်အခြမ်းမှာသူထိုင်ကြ၏။ နှစ်ဖက်စလုံးရဲ့ ဖေဖေတွေပါးပါးတွေကတော့ ရယ်လိုက်စကားပြေားလိုက်နှင့်။ မဟာမြတ်သွင်နဲ့စက်သွေးသစ်လဲပုံမှန်ပြန်ဖြစ်သွားပြီမလား။ အငယ်ဆုံးသားနှစ်ယောက်ကအခုမှ တရားဝင်လူကြီးတွေနဲ့ဆုံဖူးပေမယ့် သူတို့ရဲ့ပတ်သတ်မှုကိုမိဘတွေကဖွင့်မပြောပြသေးသည့်တိုင်အားလုံးရိပ်မိနေကြ၏။ စက်သွေးဘေးမှာတော့ ကိုလတ်ကထိုင်နေပြီး တစ်ဖက်ကမမနန်းဘေးမှာတော့ မဟာစစ်သွင်နဲ့မဟာမြတ်သူက အစဉ်လိုက်ထိုင်နေသည်။ မဟာသူရိန်ကတော့ အစ်ကိုကြီးပီပီဖေဖေတွေအားကိုးရတဲ့သူဖြစ်ကာ အလုပ်ကိစ္စတွေရှုပ်နေတာကြောင့် ထမင်းဝိုင်းမှာပါမလား။

"သွေး"

"ဟင်"

"ငါးထမင်းနယ် စားချင်သေးလား"

"အင်း ဟိုကလိုအရသာ‌နဲ့"

"နောက်နေ့ကိုယ်လုပ်ကျွေးမယ်"

"မင်းလုပ်တတ်လို့လား"

"လုပ်တတ်တယ် ကိုယ်လေ့လာထားတယ်"

"ပြီးရော"

ကိုလတ်ကတော့ ဟင်းပွဲတွေလိုက်ကြည့်ကာ ခပ်ယူရင်း ညီငယ်လေးကိုထည့်ပေးသည်။

"သားသား ဒါစား ဒါကောင်းတယ်"

"ကိုကြီးဘာစားမလဲ သားထည့်ပေးမယ်"

"ရတယ် သားသားစား ကိုကြီးကိုယ့်ပါကိုယ်ထည့်စားမယ်"

ထမင်းဝိုင်းမှာတိတ်နေသူက မဟာစစ်သွင်ပင်။ တစ်ချက်တစ်ချက် သူရဲ့အကြည့်က လျှံထက်ဟန်ဆီရောက်သွား၏။ ဟိုတစ်နေ့ကပြဿနာတတ်ပြီး သူ့ကိုလိုက်ပို့ပြီး သူဆင်းခါနီးမှာသူ့ကိုပြောသွားတယ်လေ။ မင်းချစ်တဲ့သူနဲ့တွေ့ပါစေ‌တဲ့ ငါမင်းကိုအနိုင်မကျင့်တော့ဘူးနော်တဲ့။ ဒါကဘာစကားလဲ။ အဲ့နောက်မှာသူ့ကိုလုံးဝအဆက်အသွယ်မလုပ်၊ အပြင်မှာမပြောနဲ့ဖုန်းတောင်မဆက်။ အဲ့နေ့တုန်းကလဲ အခန်းထဲမှာသူငိုရသေးတယ်မလား။ သူတကယ်ကြီးကို လျှံထက်ဟန်ကိုချစ်မိနေတာ။ သူ့အပေါ်မကောင်းတဲ့ဒီကောင်ကိုမှလေ။ အခုလိုပြန်တွေ့တော့လဲ သူကသာတစ်ချက်တစ်ချက်ကြည့်မိကာ စကားပြောမလားစောင့်နေပေမယ့် သူကသူ့အငယ်ဆုံးလေးကိုဟင်းတွေထည့်ပေးရင်း ဂရုစိုက်နေတာ ကိုယ့်ကိုရှိတယ်လို့တောင်မထင်။

Where My Mate (Complete) Uni & Zawgyi Where stories live. Discover now