Part 16

14.1K 1.1K 15
                                    

Unicode

မင်္ဂလာကိစ္စကိုဘယ်လိုပုံစံနဲ့ပဲဆွေးနွေးဆွေးနွေး ဟင့်အင်းဆိုတဲ့စကားတစ်ခွန်းပဲထွက်တဲ့ စက်သွေး။ စကားဝိုင်းထဲမှာ မျက်နှာပျက်ကျနေသူကတော့ မဟာမြတ်သွင်ပင်။ သူ့ကလေးလေးက ဘယ်လိုပြောပြောလက်မခံ။

“အငယ်ဆုံးလေး မဟာလေးက သားရဲ့ alpha ဖြစ်နေပြီလေ၊ လူကြီးတွေလဲ သဘောကျတယ်လေ”

“ဟင့်အင်း သားတစ်ယောက်ထဲပဲနေချင်သေးတယ် ပါးပါး”

“သွေး ကိုယ်နဲ့စကားပြောရအောင်”

“ဟင့်အင်း”

ဘယ်သူပြောပြောလက်မခံတဲ့သူကြောင့်လူကြီးတွေလဲခေါင်းခဲနေ၏။ အားလုံးကရှောင်ထွက်သွားပြီး စက်သွေးကို သူ့ပါးပါးနဲ့ထားခဲ့လိုက်၏။ မဟာမြတ်သွင်လဲ လက်မခံလို့မရ ခဏရှောင်ထွက်ပေးရတော့သည်။

“ပါးပါးသားလေး အငယ်ဆုံးလေး”

“ပါးပါး သားကိုနားချဖို့မကြိုးစားနဲ့”

“မဟုတ်သေးဘူးလေ သားလေးရဲ့၊ အားလုံးအဆင်ပြေတယ်လေ၊ သားအရမ်းလန့်စရာမလိုဘူးလေ၊ ဒါက rut ဝင်ချိန်မို့လို့လေ၊ ပုံမှန်ဆို ဒီလိုမဟုတ်ဘူးလေ သားငယ်လေးသိရဲ့သားနဲ့”

“ဟင့်အင်း သားလက်မခံနိုင်သေးဘူး၊ သားတစ်ယောက်ထဲ နေချင်သေးတယ် အချိန်ယူချင်သေးတယ် ပါးပါး”

အထဲကပြောနေတာ အားလုံးကြားနေရတာပါပဲ။ မဟာမြတ်သွင်ကတော့စောက်တည်ရာမရတော့။ မတ်တပ်ထရပ်ကာ ခါးထောက်ကာဟိုဘက်သည်ဘက်လျှောက်နေ၏။ ဖြစ်နိုင်ရင်သူအထဲဝင်သွားချင်သည်။ သို့ပေမယ့် သူ့ကိုလန့်သွားတဲ့ ကလေးလေးကြောင့် ဇွတ်တရွတ်လုပ်လို့မရ။

“သားငယ် စက်သွေးလေးကို အချိန်ပေးလိုက်ပါနော်”

“မရဘူးနော် ဖေဖေ မရဘူး”

“သားငယ် အဲ့လိုလုပ်လို့မရဘူးလေ၊ သူလဲ ရုတ်တရက်ကြီးဖြစ်သွားတော့ အချိန်လိုတာပေါ့”

“သူ့ကိုမမြင်ရရင် ကျွန်တော်ရူးသွားလိမ့်မယ်ဖေဖေ”

“သား သူ့ကိုချစ်တယ်ဆို၊ သူလက်ခံအောင်အချိန်တော့ပေးရမယ်လေ ဖေဖေပြောတာသဘောပေါက်လား”

Where My Mate (Complete) Uni & Zawgyi Where stories live. Discover now