Part 30

12.8K 813 3
                                    

Unicode

"အာ့!"

ဆေးထိုးအပ်အထိုးခံလိုက်ရတာနဲ့အတူ ဒူးတွေညွတ်ကျသွား၏။ ဆေးကအာနိသင်ရှိလားမရှိလားအသိပေမယ့် တစ်ခဏတော့မျက်လုံးတွေပြာဝေသွားသလိုညွတ်ကျသွားတာဖြစ်သည်။

"ကိုလတ်!"
"ကိုလတ်!"

ထိုစမ်းသပ်ပညာရှင်အမည်ခံကိုပါဝိုင်းချုပ်လိုက်ကြ၏။ စက်သွေးလက်ထဲကိုင်ထားတဲ့ဓါးကိုလွှတ်ချကာ ကိုလတ်ပုခုံးကိုဆုပ်ကိုင်လိုက်သည်။ မဟာကိုယ်တိုင်လဲ သားနဲ့ကလေးလေးဆီအပြေးလာပေမယ့် ဆေးထိုးအပ်ကို ကိုလတ်ကမြင်ကာ ခံလိုက်တာဖြစ်၏။

"ကိုလတ်"

"အင်း ကိုလတ်ဘာမှမဖြစ်ဘူး သားသား စိတ်မပူနဲ့"

"သားဖေဖေ့ဆီလာ ကလေးလေး ထ၊ ကိုလတ်ကို အမြန်ပြန်ခေါ်ရအောင်"

"အင်းအင်း"

ဖမ်းမိတဲ့သူတွေကိုမြို့တော်ကိုခေါ်ယူဖို့အထူးတပ်ဖွဲ့ဝင်တွေကိုစီစဉ်ခိုင်းလိုက်၏။ သူတို့ကတော့ ကိုလတ်နဲ့အတူ လေယာဉ်နဲ့အရင်ပြန်ခဲ့လိုက်သည်။ ကိုလတ်က အနည်းငယ်းနှုံးသွားပြီး တခြားလက္ခဏာတော့ပြမလာ။ လေယာဉ်ပေါ်မှာ မဟာက သားကိုချီကာဖက်ထားရင်း သူ့ကလေးလေးကိုလဲ မလွှတ်။ အိမ်ဖြူတော် roof မှာလေယာဉ်ရပ်တာနဲ့ ရောက်ရှိနေပြီးသားဆရာဝန်တွေက ကိုလတ်ကိုထမ်းစင်နဲ့သယ်သွား၏။

"ပြီးရင် ကိုလတ်ဆီလိုက်ပို့မယ်နော်၊ အခုခဏနားရအောင်နော်"

"အင်း"

ပါးပါးတို့ကတော့ဖြစ်ပျက်သွားတဲ့ကိစ္စတွေနဲ့ပတ်သတ်ပြီး ဘာမှမမေးသေး။ ကိုလတ်ကိုစောင့်ကြည့်နေပြီး အဖြေထွက်လာမှာကိုစောင့်နေတာဖြစ်၏။ ကိုလတ်ရဲ့သွေးကိုထုတ်ယူကာ ဓါတ်ခွဲခန်းမှာစစ်နေတယ်မလား။

အခန်းထဲမှာပြန်ရောက်နေပြီဖြစ်တဲ့ သားနဲ့သားပါးပါးကိုမဟာက ဖက်ထားရင်း

"သားနဲ့ကလေလေး အများကြီးလန့်သွားလား"

"ဟင့်အင်း ဘာမှမဖြစ်ဘူး"

"သား"

"ခင်ဗျာ"

သားကတစ်လျှောက်လုံးတိတ်ဆိတ်နေတယ်မလား။

Where My Mate (Complete) Uni & Zawgyi Where stories live. Discover now