Final

18.4K 875 8
                                    

Unicode

အခုတော့ လျှံထက်ဟန်နဲ့စစ်သွင်ကအတူတူနေဖြစ်သွားပြီး အိမ်ဖြူတော်မှာပဲနေတာဖြစ်၏။ လျှံထက်ဟန်ရဲ့အခြေအနေကိုစောင့်ကြည့်ရင်း လုံးဝစိတ်ချမှ သူနေချင်တဲ့နေရာမှာနေဖို့ စက်သွေးကအမိန့်ထုတ်ပြီးသား။

စမ်းသပ်ခန်းထဲကကလေးတွေကအားလုံးတော့ မသက်မရှင်ခဲ့။ သူနဲ့မှီခဲ့တဲ့ကလေးတွေလောက်ပဲ အသက်ရှင်တာဖြစ်၏။ ကျန်တဲ့ကလေးတွေက အရွယ်နဲ့မလိုက်အောင် စမ်းသပ်ခံဆေးတွေသွင်းခံထိခဲ့တာဆိုတော့ အားလုံးကပုံမှန်မဟုတ်။ ကလေးတွေကိုစိတ်ချရတဲ့အခြေအနေရောက်မှ ဒီကိုခေါ်မှာဖြစ်၏။ ဝန်ထမ်းတွေကလဲ သူ့အခန်းကဏ္ဍနဲ့သူ ကျေးရွာဖွံ့ဖြိုးရေးတွေလုပ်ဆောင်နေပြီဖြစ်သည်။ လေးလေးရော သားဖေဖေရော သားဖိုးဖိုးတို့ရောက ကျူးလွန်တဲ့တရားခံကိုသိသွားပြီဖြစ်၏။ ကိုယ့်အပြစ်ကိုကိုယ်သိပြီး ရှေ့လျှောက်ကောင်းကောင်းမွန်မွန်နေထိုင်သွားမယ်ထင်တဲ့ သူတို့ညီအစ်ကိုဝမ်းကွဲက အခုတော့ ပထမထက်ဆိုးရွားတဲ့အလုပ်တွေကိုလုပ်နေတာ။ အခုတော့သူတို့ ထိုလူနဲ့စမ်းသပ်ပညာရှင်နာမည်ခံလူကို အချုပ်ခန်းထဲထည့်ထားပြီးစောင့်ကြည့်ကြီးကြပ်ထားပြီး သူတို့အတွက်ပြစ်ဒဏ်ကိုတစ်ခုပြီးတစ်ခုစီရီနေရသည်။ ပြစ်ဒဏ်ကတော့ သေဒဏ်နှင့်တစ်သတ်တစ်ကျွန်းပါပဲ။ သူတို့ကိုကြည့်ရတာ အရူးလိုပင်။

သားဖေဖေလဲမနားရ။ ဖြစ်ပျက်သွားတဲ့အဖြစ်အပျက်တွေကိုနားရည်လည်ဖို့ကို ဒေသခံဖြစ်တဲ့ချမ်းမြေ့နဲ့ပေါင်းကာ တာဝန်ရှိသူတွေကိုရှင်းပြဖို့တွေလုပ်နေရသည်။

"မင်းသမီးလေး"

"ဟင်! ကလေးလေး အိပ်မပျော်ဘူးလား"

အခန်းထဲမှာ တာဝန်ရှိသူတွေတင်ပြလာတဲ့ စီမံကိန်းတွေ၊ အသိပညာဗဟုသုတကြွယ်ဝရန် ဆွေးနွေးပွဲလုပ်ဖို့တွေကိုဖတ်နေတာဖြစ်၏။ သားနဲ့သားပါးပါးက အိပ်ပျော်နေပြီဖြစ်ပြီးသူကဘေးကစားပွဲမှာထိုင်ကာဖတ်နေတာဖြစ်သည်။ သားတို့းပါးပါးခေါ်မှ သူအသံကြားကာလှည့်ကြည့်လိုက်ပြီးအနားထသွားလိုက်၏။

"ငါ ဗိုက်နာနေတာလား မသိဘူး၊ လုပ်ပါအုန်း"

စက်သွေးစကားကြောင့်မဟာထိတ်ကနဲဖြစ်သွားကာ အမြန်စစ်ဆေးလိုက်၏။ ဗိုက်ထဲကသားငယ်က နေရာလှည့်နေတာ။ သူ့ပါးပါးမွေးရလွယ်အောင် သူ့ရဲ့အနေအထားကိုသူ့ပါသူပြင်နေတာ။ အခုတော့မဟုတ်မနက်လောက်မှမွေးဖြစ်လောက်မှာ။

Where My Mate (Complete) Uni & Zawgyi Where stories live. Discover now