Part 19

14.9K 1K 15
                                    

Unicode

တစ်ရက်ခြားပူလာတဲ့ဗိုက်ကို ကာယကံရှင်ထက်ပိုဂရုစိုက်နေတာ မဟာမြတ်သွင်ပါ။ သူ့မှာအချိန်ပြည့်အားတယ်ရယ်မရှိ။ ဗိုက်ကလေးကိုဂရုစိုက်လိုက် ဥပဒေရေးရာတွေ စီးပွားရေးကဏ္ဌတွေလေ့လာလိုက်နှင့်။ ဒီကြားတဲ့ ကလေးလေးပူဆာရင်စားချင်တာလုပ်ကျွေးလိုက်ရတာကတစ်မျိုး။

"သွေးချော်လဲမယ်"

"ဆော့ချင်လို့ပါဆို မလဲပါဘူး မင်းဘေးနားမှာရှိတာပဲလေ"

ရှေ့က တင်းနစ်ကွင်းထဲ တင်းနစ်တံကြီးကိုင်ကာ အောက်ဆင်းလာတာဖြစ်သည်။ ဗိုက်က အခုတော့ ၅လကျော်နေပြီဆိုတော့ သူ့အင်္ကျီတွေယူဝတ်လဲမရတော့။ ဗိုက်နဲ့မှန်းမြင်တာနဲ့သိတဲ့အနေအထားရောက်နေပြီဖြစ်၏။ မမနန်းကစက်သွေးရဲ့ကိုကြီးနဲ့လိုက်နေတာဖြစ်ပြီး အခုအစ်ကိုလတ်ဖြစ်သူလျှံထက်ဟန်က လာလည်တာကြောင့် သူ့အစ်ကိုလတ်နဲ့တင်းနစ်ကစားမလို့တဲ့လေ။ ဒီဗိုက်နဲ့ကိုပြေးလွှားလုပ်အုန်းမယ်တဲ့။ မဟာရဲ့ တင်းနစ်ဝတ်စုံအနက်ရောင်ကိုကောက်စွတ်လာတာကြောင့် စက်သွေးကအရမ်းထင်းနေ၏။ လက်နဲ့နဖူးကိုလဲ ပတ်ထားသေး။ အားလုံးကမဟာ့ဟာတွေကြီးပါပဲ။

"သားသားဖြစ်လို့လား"

"ဖြစ်ပါတယ်ဆို မင်းသမီးလေးလာ ဒီနားမှာနေ"

ကွင်းထဲမှာရောက်နေပြီး တစ်ဖက်စီနေရာယူပြီးနေပြီဖြစ်၏။ စက်သွေးကမဟာကို သူ့နောက်နားမှာနေဖို့ခေါ်နေတာဖြစ်သည်။

"အစ်ကို သွေးဆီတည့်တည့်ရောက်အောင်ရိုက်နော် မလိုက်ရစေနဲ့"

မဟာကမရ သူ့လူကိုထိန်းလို့မရတော့ တစ်ဖက်ကိုဖိအားပေးတော့သည်။ မဟာ့စကားကြားပြီး ကစားရမယ့်လျှံထက်ဟန်ကစားချင်စိတ်တောင်မရှိတော့။ ပါးပါးကပါ အခုတော့ပွဲကြည့်ပရိတ်သတ်လုပ်နေတော့သည်။

"ကိုလတ်က သက်သက်ညစ်တာ ကျွန်တော်မလိုက်နိုင်မှန်းသိလို့"

တကယ်လဲမဟာစိုးရိမ်သလိုဘာမှမဖြစ်။ စက်သွေးကခြေထောက်ခွဲကာရပ်နေပြီး သူတည့်တည့်လာတာကိုပဲရိုက်သည်။ ပြေးရိုက်ရမယ့်ဟာဆိုမရိုက်တော့။ အခုလဲသူ့ဆီတည့်တည့်မရောက်လို့ အစ်ကိုလတ်ကို သက်သက်မဲ့လုပ်တာလို့ပြောနေတာပင်။

Where My Mate (Complete) Uni & Zawgyi Where stories live. Discover now