Part 7

13K 1.1K 19
                                    

Unicode

တစ်နေကုန်‌အတူတူလျှောက်လည်မယ်လို့ပြောလိုက်တဲ့စကားကြောင့် စက်သွေးသစ်မှာ မဟာမြတ်သွင်သွားရာတစ်ကောက်ကောက်လိုက်နေရ၏။ အိမ်ကထွက်လာပြီး ဘယ်နေမှာဆုံမလဲမေးကာ ဆုံမယ့်နေရာရောက်တော့ မဟာမြတ်သွင်ကားနဲ့ပါလာတာဖြစ်သည်။ သူမဟာမြတ်သွင်အကြောင်းမစုံစမ်းလို့မရတော့။ ကားအကြိုအပို့အပြင် နောက်မှာကားတစ်စီးပါသည်။ သူတို့ဆင်းရင် နောက်ကားကလူတွေကလိုက်ဆင်းပြီးခပ်လှမ်းလှမ်းမှာနေသည်။ သူတို့ကားပေါ်ပြန်တက်ရင် သူ့တို့ပါပြန်တက်ပြီး ထပ်ကြပ်မခွာလိုက်၏။ ဒါက မဟာမြတ်သွင်က ပုံမှန်မဟုတ်ဘူးဆိုတာကိုပြောနေတာမလား။ အင်အားကြီးမားတဲ့ alpha တစ်ယောက်ဆိုရင်တောင် ဘယ်သူမှ ဒီလိုဘော်ဒီဂတ်မထားလောက်။ မဟာမြတ်သွင်တို့က အကောင်ကြီးမျိုးရိုးလား၊ ဘာလဲ။

"နေ့လည်စာ ဘယ်မှာစားချင်လဲသွေး ကိုယ့်အိမ်လိုက်မလား"

"အင်း လိုက်မယ်လေ"

"တကယ်"

မဟာမြတ်သွင်မှာ ဆက်ကနဲအော်လိုက်တာဖြစ်၏။

"ဖြည်းဖြည်းပြောပါကွာ"

"မဟုတ်ဘူးလေ အခုကိုယ့်အိမ်ကိုခေါ်တာ သွေးကလိုက်မယ်လို့ပြောလိုက်တာမဟုတ်လား"

"ဟုတ်တယ်လေ"

"အား!! ဝမ်းသာလိုက်တာ နေအုန်း နေအုန်း ပါးပါးကိုဖုန်းဆက်လိုက်အုန်းမယ်၊ နေ့လည်စာစီစဉ်ပေးပါလို့လှမ်းပြောလိုက်အုန်းမယ်၊ သွေးဘာစားချင်လဲ"

"ရတယ် ငါကအစုံစားတယ်"

"ဟုတ်ပြီ ဟုတ်ပြီ"

မဟာမြတ်သွင်ကသူ့ပါးပါးကိုဖုန်းခေါ်ကာ နေ့လည်စာစီစဉ်ပေးဖို့ပြောနေ၏။ စက်သွေးသစ်မှာ မဟာမြတ်သွင်ကိုမင်းကဘာလဲမေးရင် ဖြေမှာမဟုတ်တာသိတာကြောင့် သူ့အိမ်ကိုလိုက်သွားပြီး ဘာလိုလိုညာလိုလိုနဲ့ သူတို့ကဘာတွေလဲသိအောင်လုပ်ကဖို့ စိတ်အားထက်သန်နေသည်။

တစ်ကယ်ပါပဲ ခြံတံခါးအုတ်တံတိုင်းနဲ့အိမ်နဲ့ကတော်တော်ဝေးသည်။ ကြားထဲမှာတင်အိမ်နှစ်ဆောင်လောက်ဆောက်လို့ရနိုင်တဲ့အကျယ်အဝန်းရှိ၏။ ခြံစောင့်တစ်ယောက်ထဲမဟုတ် ခြံရဲ့ဟိုဘက်ထိပ်ဒီဘက်ထိပ်တွေမှာလဲအစောင့်တွေရှိသည်။ အိမ်ကြီးထဲမရောက်ခင်မှာပဲ တင်းနစ်ကွင်းလဲရှိပြီး basketball ကွင်းလဲရှိ၏။ ဒါကတောင်ယုံပိုက်ဆံရှိတာတော့မဟုတ်။ အိမ်ရှေ့ဆင်ဝင်အောက်မှာကားရပ်လိုက်တာနဲ့ အိမ်ထဲက မဟာမြတ်သွင်ရဲ့ပတ်သတ်သူသက်ဆိုင်သူတွေကထွက်လာတော့သည်။

Where My Mate (Complete) Uni & Zawgyi Where stories live. Discover now