Part 11

12.9K 1K 7
                                    

Unicode

မဟာမြတ်သွင်မှာ သူ့လက်ထဲကရှမ်းဝတ်စုံကိုကြည့်ကာ ပြုံးနေတာမရပ်။ ကျောင်းမှာကားတွေထိုးပြီး ကိုယ့်အိမ်ကားတွေလာကြိုတော့ ကားပေါ်မတတ်ခင် သူ့ကလေးလေးက သူ့လက်ထဲလာထိုးပေးသွားတာမလား။ ဘယ်အချိန်ဝယ်လိုက်လဲသူမသိလိုက်။ 'မင်းအတွက် မင်းနဲ့ငါနဲ့ဆင်တူ' ဟုဆိုကာ လက်ထဲရောက်လာတာဖြစ်သည်။ ရှမ်းဝတ်စုံကတကယ်ကိုအစုံလိုက် ခေါင်းပေါင်းလေးတွေတောင်ပါ၏။ သူကတော့လက်ပတ်ဆင်တူဝယ်ပြီး ဟိုမှာထဲက ပတ်ပေးလိုက်တာမလား။ တကယ်ပါ ဒီကလေးလေးကိုဘယ်လိုချစ်ကြောင်းပြောပြချင်နေတာ။ ဒါပေမယ့် ကလေးလေးလက်ခံလာအောင်သူတဖြည်းဖြည်းကြိုးစားနေရတယ်‌လေ။

အိမ်ပြန်ရောက်နေပြီဖြစ်တဲ့စက်သွေးကိုတော့သူ့ပါးပါးက အခန်းထဲအထိလိုက်လာကာ luggage ကိုဖွင့်ကာ လျော်ရမှာတွေ ထုတ်နေ၏။ သားဖြစ်သူကတော့ ကုတင်ပေါ်မှာ ကားယားကြီး။

"သားငယ်လေး"

"ဗျာ.."

"သားငယ်လေး heat ဝင်တာဂျီကျသေးလား"

"ဟင် သား heat??"

Heat ဆိုတဲ့စကားကြားမှ ထထိုင်လိုက်တဲ့စက်သွေး။ သူမသိလိုက်ဘူးလေ။ သူဘယ်အချိန် heat ဝင်သွားတာလဲ။ သူ့ဆီကအမေးစကားလိုပြန်ကြားရတော့ ပါးပါးက အဝတ်တွေထုတ်ရင်း သူ့ကိုလှည့်ကြည့်လာကာ

"ပါးပါး စာပို့လိုက်သေးတယ်လေ"

"သားမသိဘူး"

ပြောလဲပြောဖုန်းလဲထုတ်ကြည့်နေ၏။ အဲတော့မှ ပါးပါးပို့ထားတဲ့ 'သားငယ်လေး heat ဝင်ချိန်ဖြစ်နေပြီ ဂရုစိုက်နော်' ဆိုတဲ့စာကိုတွေ့သွားလေရဲ့။ ဒါကသူမသိလိုက်။ ဒါကိုမဟာမြတ်သွင်မြင်လိုက်လား။ သူ့စိတ်ထဲပူထူသွားကာ မျက်လုံးတွေကတောင်စဉ်ရေမရ။

"ပါးပါး"

"ဟင်"

"ပါးပါးလို့"

သူ့ကိုလှည့်မကြည့်ပဲ အဝတ်တွေပဲသိမ်းနေတဲ့ပါးပါးကိုထပ်ခေါ်လိုက်၏။ ဦးဟန်သွေးမှာ သားငယ်နောက်တစ်ခေါက်ထပ်ခေါ်မှ လှည့်ကာ

"ပါးပါး လာပြီ"

သားငယ်နားသွားကာကပ်ထိုင်လိုက်ပြီး

Where My Mate (Complete) Uni & Zawgyi Where stories live. Discover now