Part 20

15.8K 1K 25
                                    

Unicode

ကော်ဖီခြံထဲပတ်ကာ လျှောက်ကြည့်ပြီးအပြန်မှာတော့ စက်သွေးတို့လမ်းမလျှောက်ချင်တော့။ ဒီမှာရှိတဲ့ကားကိုပဲသုံးကာ အိမ်ပြန်ရတော့သည်။ ဗိုက်နဲ့ကလေးလေးကိုရေစပ်ပေးကာ bathtub ထဲထည့်ကာ ရေအရင်ချိုးပေးရသည်။ ချော်မလဲအောင်လဲ ဂရုစိုက်ရ၏။ ရေကိုမွေးပွသဘတ်နဲ့သေချာသုတ်ပေးကာ နွေးနွေးထွေးထွေးအဝတ်တွေဝတ်ပေးကာ သူမြန်မြန်ရေချိုးရသည်။ အပြင်ပြန်ထွက်လာတော့ သွေးကစောင်ခြုံပြီးမှိန်းနေ၏။

"ကလေးလေး တစ်ခုခုစားရမယ်လေ"

"အိပ်ချင်နေပြီ"

"ခဏလေး ကိုယ်နို့ဖျော်ပေးမယ်နော်၊ တစ်နေရာရာက နာတာဖြစ်ဖြစ်တစ်ခုခုဖြစ်ရင် ကိုယ့်ကိုပြောနော်"

"အင်းပါ"

သွေးတစ်ယောက်အခုတလော လှုပ်ရှားတာမသွက်တော့တာ သူအသိ။ ဟိုတစ်ရက်ကပဲ သူရှာတဲ့အဖြေက သူ့ကိုစိုးရိမ်စေတယ်လေ။ ဒါကမွေးခါနီးဖြစ်တတ်တဲ့လက္ခဏာဟုပြောထားတယ်မလား။ တစ်ဆက်ထဲ မွေးဖွားနည်းဗီဒီယိုကိုတောင်သူကြည့်မိလိုက်သေးသည်။ ဒါက‌လွယ်ကူတာတော့မဟုတ်။ နို့ဖျော်ပြီးပြန်ဝင်လာကာ တိုက်ဖို့လုပ်ရတော့သည်။

"သွေး...ကလေးလေး"

"အွန်!"

"ဘယ်လိုတွေထူးနေတာလဲကွာ အသည်းယားအောင်လို့၊ လာခဏထိုင်လိုက်နော် နို့သောက်လိုက်နော်"

သူပါထူပေးလိုက်ရ၏။ နို့သောက်လို့အနည်းငယ်ပေသွားတဲ့နှုတ်ခမ်းကတော့ မဟာမြတ်သွင်ရဲ့သုံးဆောင်တာကိုခံလိုက်ရပြန်သည်။

"မင်းသမီးလေးက အသားအရမ်းယူတာနော်"

"ချစ်လို့လေ"

"ဒါနဲ့ မင်းထမင်းမစားဘူးလား"

"မစားတော့ဘူး၊ လာကိုယ့်ဆီကို ပုံပြင်ဖတ်ပြမယ်"

ရင်ခွင်ထဲထည့်ကာ ပုံပြင်ဖတ်ပြရင်း Pheromones တွေနဲ့ရစ်ပတ်လွှမ်းခြုံပေးထား၏။ ကလေးလေးစိတ်ကြည်နေမှဖြစ်မှာ။ အိပ်ပျော်သွားတဲ့စက်သွေးကိုကြည့်ကာ မဟာအောက်ကိုချမသိပ်ဖြစ်။ ဒီအတိုင်းပွေ့ကာကုတင်ကိုနောက်မှီ၍အိပ်လိုက်သည်။ မဟာ့ရဲ့လက်တစ်ဖက်က သူ့ကလေးလေးရဲ့ဗိုက်ပေါ်မှာတင်ထား၏။

Where My Mate (Complete) Uni & Zawgyi Where stories live. Discover now