အခန်း(၁)

2.3K 246 17
                                    

[unicode]

"ဒုက္ခသံသရာကိုးထောင်မှတ်တမ်း" ကအလွန်နာမည်ကြီးသော ကျင့်ကြံရေးဝတ္ထုတစ်ပုဒ်ပင်။
အခက်အခဲများစွာကို အတူတကွဖြတ်ကျော်လာတဲ့ မြီးကောင်ပေါက် ဆယ်ကျော်သက်ကောင်လေးနှစ်‌ယောက်အကြောင်းဖြစ်ပြီး နောက်ဆုံးတွင်မူ ကျင်ကြံခြင်းအထွဋ်အထိပ်ကို တက်လှမ်းနိုင်ကာ အကျော်ဇေယျများဖြစ်လာကြသည်အထိ ရေးသားထားသည်။

စာရေးဆရာရော ဇာတ်လိုက်တွေရော ဖြောင့်မတ်လွန်းလို့ အရွယ်အားလုံးတွက် သင့်လျော်သော ဝတ္ထုဖြစ်၏။ဆရာတူတပည့်နှစ်ယောက်ကြားက နှောင်ကြိုးလေးနှင့်ညီအစ်ကိုပမာရင်းနှီးတဲ့သူငယ်ချင်းဆက်ဆံရေးကိုအခြေခံထားသော လူငယ်နှစ်ယောက်ရဲ့ မေတ္တာဇာတ်လမ်းလေးလည်းဖြစ်သည်။

ဇာတ်လိုက်နှစ်ယောက်လုံးသည် ပခုံးဖက်ပေါင်းလာတဲ့သူငယ်ချင်းများဖြစ်ပြီး သေခြင်းရှင်ခြင်းစွန့်စားခန်းတွေကို အတူတူဖြတ်ကျော်လာရတော့ သွေးသောက်ညီအစ်ကိုတွေလိုပင်။သူတို့နှစ်ယောက်လုံးတစ်ယောက်ပေါ်တစ်ယောက်ထားတဲ့မေတ္တာက အပူအပင်မရှိစွာနဲ့ နက်ရှိုင်းလွန်းခဲ့သည်။
သို့စေကာမူ သူတို့ဆက်ဆံရေးမှာ စိတ်ကူးယဉ်ဆန်ဆန်အချစ်တစ်ပုဒ်တော့မဟုတ်ပေ။

သို့သော် အပုပ်မတိုင်းသည် ဘယ်နေရာမဆိုအပုပ်လိုဘဲမြင်ကြသည်။(fujoshis=အပုပ်မ)
သူတို့က ဒါကိုလိင်တူချစ်ခြင်းလို့သတ်မှတ်ကြတယ်။စာရေးဆရာက မူရင်းဝတ္ထုကို လူငယ်နှစ်ယောက်ကြား ပင်လယ်တမျှနက်ရှိုင်းတဲ့ သူငယ်ချင်းဆက်ဆံရေးလို့ရေးခဲ့ပေမယ့် ဟိုလိုလိုသည်လိုလိုကလည်း တော်တော်လေးပါလိုက်သေးတယ်လေ။

ကျန်းစွင်းကျစ်ကျွင်းရဲ့ သိက္ခာရှိရှိရေခဲရိုက်မျက်နှာထားက
ရီရှီးချန်နဲ့တွေ့မှသာ အရည်ပျော်ကျတတ်တယ်။
ရီရှီးချန်သည် အပြင်ပန်းက အပြစ်ကင်းတဲ့အဖြူထည်လေးဖြစ်သော်ငြား အတွင်းစိတ်ကတော့ ရဲတင်းသော လူချောလေးတစ်ယောက်ဖြစ်သည်။မရေမတွက်နိုင်သော မီးပွားစလေးများက သူတို့နှစ်ယောက်ကြား ကူးလူးနေခဲ့သည်။

ရီရှီးချန်က ကျန်းစွင်းကျစ်ကျွင်းတစ်ယောက် ဒေါသထွက်လွန်းလို့သက်ပြင်းတွေချကာ မျက်နှာတွေပါနီလာသည်အထိ အဖန်တလဲလဲစ,ရတာကြိုက်သည်။အန္တရာယ်နဲ့ကြုံရချိန်ဆို ရီရှီးချန်ဟာ သူ့ကိုယ်သူထက် ကျန်းစွင်းကျစ်ကျွင်းကို ကယ်တင်ဖို့သာ ထက်သန်စွာကြိုးစားလိမ့်မည်။

Fanficထဲမှဇာတ်လိုက်ကြီး မူရင်းဝတ္ထုထဲသို့ကူးပြောင်းလာသောအခါဝယ်[Haitus]Where stories live. Discover now