အခန်း(၈)

438 84 0
                                    

Unicode

အနီရောင်မှတ်မှာရပ်သွားတဲ့ဘီးကိုကြည့်ရင်း အပျော်သွားဆုံးလူဟာ ဖန်းရုံသပင်။မိုးတိမ်လွှာဓားဂိုဏ်းမှဒီတပည့်နှစ်ယောက်ကို ဘာလို့ကြောက်နေမိလဲ သူလဲမသိပေ။သဘာဝကျကျဆိုရရင် သူမဖမ်းမိ လောက်ဘူးဆိုပေမယ့် ရီရှီးချန်ရဲ့ယုံကြည်မှုရှိနေတာကြီးကတော့ သူ့ကိုမသက်မသာဖြစ်စေတယ်။

ဖန်ရုံသသည် ပြုံးရွှင်နေခဲ့ပြီး
"ဟေး...ဒီရှစ်ရှုံးရဲ့ကံက တအားကောင်းတယ်ဗျာ...သူလောင်းချိန်မှပဲ ဘီးကအနီမှတ်မှာရပ်တယ်...ကျုပ်လိမ်တယ်ဆိုပြီးခင်ဗျားဆိုပေမယ့် ကျုပ်သာလိမ်ခဲ့ရင် အခုလေးတင်အဖြူကျရမှာမဟုတ်ပေဘူးလား"

ရီရှီးချန်သည်ကား အလွန်စိတ်ပိုင်းဖြတ်ထားခဲ့သည်။
"ကိစ္စမရှိဘူး ကျွန်တော်ထပ်ကစားဦးမှာ"

ကျန်းစွင်းကျစ်ကျွင်းသည် သူ့ဘေးမှာရပ်နေပြီး ရီရှီးချန်အား ခပ်တွေတွေကြည့်နေခဲ့သည်။သူ့ရှေ့မှာရှိတဲ့ရီရှီးချန်နဲ့ သူ့မှတ်ဉာဏ်ထဲက ရီရှီးချန်ဟာ လုံးဝမတူပေ။ဒီတစ်ယောက်သည် တောက်ပပြီးရွှင်လန်းတက်ကြွနေပေမယ့် လိုအပ်တဲ့အချိန်မှာလည်း နတ်ဆိုးဆန်ဆန်လှည့်ကွက်လေးအချို့ကိုထုတ်သုံးတတ်သေးသည်။သူ့မှတ်ဉာဏ်ထဲမှ ရီရှီးချန်ကတော့ အားနည်းပြီးစိတ်ရှုပ်စေတယ်။သူသည် သူ့ကိုယ်ပိုင်အရိပ်ကိုလေ့လာနေတဲ့လူလိုမျိုးဖြစ်နေတယ်။ပြီးတော့ စိတ်မချမ်းမြေ့သလိုလည်းခံစားရတယ်။မှတ်ဉာဏ်ထဲရှိ ကျန်းစွင်းကျစ်ကျွင်းဟာရီရှီးချန်ကိုချစ်မြတ်နိုးပေမယ့် အဲ့လိုအချစ်သည် အပြင်ဘက်ရှိအတင်းအကျပ် သတ်မှတ်ထားသော ဦးနှောက်မဲ့အမျိုးအစားသာသာ...သူ့သဘောထားပေါ်မေးခွန်းထုတ်တာတွေ ဒီအကြောင်းတွေကိုဘာလို့ခံစားမိနေလဲ ဘယ်တုန်းကမှမစူးစမ်းမိပေ။

မှတ်ဉာဏ်ထဲရှိရှစ်နှစ်ကိုအခုချိန်ပြန်ကြည့်မိတိုင်း သူ့မျက်နှာသည် ဇဝေဇဝါနဲ့မတိမကျဖြစ်နေခဲ့ပြီးခက်ခဲနက်နဲနေသောဇာတ်လမ်းတစ်ပုဒ်လိုပင်။

သူငယ်ရွယ်စဉ်က အကြောင်းတွေကိုတော့ မှတ်မိနေတုန်းဖြစ်သည်။သူနဲ့ရီရှီးချန်တို့ ဆေးခန်းမမှာပဲ အရွယ်ရောက်လာခဲ့ပြီး အလွန်ဆင်းရဲခဲ့ကြသည်။ဓားမွမ်းမံခြင်းခန်မမှတပည့်များသာ ကံကောင်းသူတွေဖြစ်ကြတယ်။သူတို့အားလုံး နေ့တိုင်း လေ့ကျင့်ဖို့ရောကျင်ကြံဖို့ရောလုပ်ရသည်။သူတို့လိုအပ်တဲ့ဘယ်အရာမဆို ရရှိကြသောကြောင့် မည်သည့်ကိစ္စမှစိုးရိမ်ဖို့မလိုအပ်ခဲ့ ။
တစ်ဖက်ရှိ ဆေးခန်းမတပည့်တွေကတော့ ခြံဝန်းထဲတံမြက်စည်းလှည်းရတာမျိုး ကျမ်းစာကူးရတာမျိုးစသည့် အိမ်မှုကိစ္စအများကြီးလုပ်နေရသည်။တစ်ခါတစ်ရံဆိုရင် တစ်ခြားခန်မ‌တပည့်တွေရဲ့ ဆဲတာတွေအနိုင်ကျင့်တာတွေတောင်ခံရတယ်။

Fanficထဲမှဇာတ်လိုက်ကြီး မူရင်းဝတ္ထုထဲသို့ကူးပြောင်းလာသောအခါဝယ်[Haitus]Where stories live. Discover now