အခန်း(၄. ၂)

707 132 4
                                    

"အဲ့လိုမှမဟုတ်ရင် မင်းဘာလို့ဒီလိုတွေးမှာလဲ....အဲ့တာကို ငါက....မင်းနဲ့လေ.....အဲ့တာ,တာဆိုပြီးတော့...."

အဲ့ဒီ့နေရာလေးနားက စူးအောင့်သလိုခံစားနေရ၍ တင်ပါးကြွက်သားတွေ တွန့်လိုက်ရှုံ့လိုက်လုပ်နေမိသည်မှာ သူ့ကိုယ်သူတောင် မရပ်နိုင်တော့ပေ။သူ့တင်ပါးတွေနာလားလို့ ကျစ်ကျွင်းမနက်က ဘာလို့မေးခဲ့လဲ သူနားလည်လာသလိုပင်။

ကျန်းစွင်းကျစ်ကျွင်းက "ရူး"ခနဲ အသက်ရှူသွင်းလိုက်သည်။သူ့သွားတွေ ပိုတောင်နာလာပြီလို့။ဒါဘာအခြေအနေကြီးလဲ?မနေ့ညက အိပ်ရာထဲမှာတော့ အသံပြာအောင်အော်နေသည့် ရီရှီးချန်က ဒီနေ့တော့ သူတို့ဆက်ဆံရေးကို ငြင်းဆန်နေသည်။မင်းသိလား....သူနဲ့ရီရှီးချန်ကြား အကွာအဝေးကို လက်ဖက်ရည်ခွက်တွေနဲ့တိုင်းမိရင်လေ အဲ့လက်ဖက်ရည်ခွက်အရည်အတွက်က ကမ္ဘာတစ်ခုလုံးကို သုံးကြိမ်လောက်ပတ်လို့ရတယ်လို့!

ရုတ်တရက် ကျန်းစွင်းကျစ်ကျွင်းရဲ့ဦးနှောက်တွင် အလင်းတန်းတစ်ခုလက်လာပြီး သူအော်လိုက်သည်။

"ရီရှီးချန်! ငါတို့ကလေးကို မင်းတမင်သက်သက်ဖျက်ချလိုက်တာမလား?မင်းရဲ့ဖောက်ပြန်ရေးအချစ်ဇာတ်‌လမ်းလေးကို လုကျစ်ယောင်နဲ့လုပ်ချင်လို့ပေါ့လေ?"

"ဘာ!"

ရန်ပွဲထဲဆွဲသွင်းခံလိုက်ရသော ဖြူစင်သူလေးလုကျစ်ယောင်က ရီရှီးချန်ရဲ့ ဗိုက်ကိုမကြည့်ဘဲမနေနိုင်ဖြစ်နေပြီး သူ့ဦးနှောက်က ဒီတိုးတက်လာမှုအသစ်အဆန်းကြီးကို မသိမ်းဆည်းမိသေးပေ။

"ကလေး?ဘယ်ကလေးလဲ?"

ရီရှီးချန်တစ်ယောက် ကျွမ်းပစ်လုနီးပါးပင်။
ကိုယ်ဝန်သည်ကြီးရေ ဘယ်ရောက်နေလဲလို့!!
တစ်ခဏကြာပြီးနောက် ရီရှီးချန်က သူ့ဓားကိုဆွဲထုတ်လိုက်ပြီး ကျန်းစွင်းကျစ်ကျွင်းအား ကာကွယ်လိုဟန်သတိအပြည့်ဖြင့်ကြည့်ကာ
"မင်းတကယ်ကြီး ကျန်းစွင်းကျစ်ကျွင်းဟုတ်လို့လား?မိစ္ဆာအယောင်ဆောင်မဟုတ်လား?!"

ကျန်းစွင်းကျစ်ကျွင်းက အငိုက်မိသွားခဲ့သည်။ဟုတ်တယ်...ဒီလိုမျိုးပဲ။သူ့ရှေ့ရှိ ရီရှီးချန်နဲ့လုကျစ်ယောင်တို့က သာမန်မဟုတ်ကြသလိုပင်။သူတို့စကားပြောပုံတွေက ထူးဆန်းလွန်းတယ်။မြည်းနှုတ်ခမ်းနဲ့မြင်းပါးစပ်က မတွဲစပ်မိသလိုမျိုး။သူတို့က မိစ္ဆာတွေများဖြစ်နိုင်မလား? ကျန်းစွင်းကျစ်ကျွင်းက တိုက်ခိုက်ကာကွယ်အပြည့်သို့ ရုတ်တရက်လုပ်လိုက်ပြီး

Fanficထဲမှဇာတ်လိုက်ကြီး မူရင်းဝတ္ထုထဲသို့ကူးပြောင်းလာသောအခါဝယ်[Haitus]Where stories live. Discover now