အခန်း(၁၅)

721 67 10
                                    


Unicode

ကျန်းစွင်းကျစ်ကျွင်းက အလွန်ရိုးသားသည်။သူ့ရဲ့ကိုယ်ပိုင်အကြံစည်လေးတိုးတက်ဖို့မကြိုးစားခဲ့ပေ။OOC ကမ္ဘာမှာဆို ရီရှီးချန်ကိုယ်ထဲက ချိပ်စည်းကိုဖျက်ဖို့တွက် အကြိမ် သုံးရာ ချီတက်ခဲ့ရတာဖြစ်သည်။

သူ့ဝိဉာဉ်စွမ်းအားက တကယ်သာချိပ်ပိတ်နေတာဆိုရင် ဖျက်ဖို့က ကိစ္စမရှိပေ။ရီရှီးချန်က မျက်နှာကို ပြင်းပြင်းထန်ထန်ပွတ်သပ်လိုက်ပြီး
"တစ်ခြားနည်းလမ်းရှိလား"

"အမ်း......ကောင်းကင်ဝိဉာဉ်မြစ်နဲ့ကလေးတစ်ယောက်မွေးပေး........."

ရီရှီးချန်ရဲ့ အာလုံးလောင်ကျွမ်းလောက်တဲ့အကြည့်ပြင်းပြင်းကြီးကြောင့် ကျန်းစွင်းကျစ်ကျွင်းလည်း အလွန့်လွန်ကို ဖြူစင်တဲ့အမူရာလေးနှင့်ပါးစပ်ပိတ်လိုက်သည်။

အားလုံးက မရေရာတဲ့အချက်လက်တွေရဲ့အမှားဖြစ်တယ်ဆိုရင်လည်း သူပြောတာကိုလုပ်ဖို့ အရဲစွန့်ရမည့်သူက ရီရှီးချန်ပင်။သူ့စိတ်ကူးတာက အစစ်မှန်ဖြစ်လာတော့မယ်ဆိုဦးတော့ ဒီနည်းလမ်းဆိုတာကြီး ပြီးမြောက်ဖို့ အလွန်ဆိုးရွားမှာကို ကြည့်ရင်း ရီရှီးချန်တစ်ယောက် ပေါက်ကွဲဖို့ပြင်လိုက်သည်။သူက ကျန်းစွင်းကျစ်ကျွင်းကိုတစ်ချက်လှမ်းကြည့်လာသည်။ထိုခဏ၌ ကျန်းစွင်းကျစ်ကျွင်းက ခြေခွဲထိုင်နေတာဖြစ်ပြီး သူ့အဝတ်စား‌တွေကလည်း ဘေးနှစ်ဖက်ကို သဘာဝကျစွာကျွတ်ကျနေခဲ့သည်။သူ့ဘောင်ဘီထဲမှာလည်း အလွန့်ကိုအရွယ်စားကြီးမားပြီး သိသာမြင်သာလွန်းတဲ့ အဖုဖောင်းကြီးရှိနေခဲ့သည်။ပြင်းထန်နေသောပြင်းပြင်းပြပြဆန္ဒကြီးနှင့်လိုက်လျောညီထွေရှိဖို့ ရီရှီးချန်ရဲ့နှလုံးသားထဲမှ ဒေါသတရားတွေလည်းမြင့်တက်လာတာကို ခံစားမိသည်။ဒေါသတရားတွေဖြေလျော့ဖို့ နေရာလည်းမရှိသဖြင့် လက်သီးကျစ်ကျစ်ဆုပ်ကာ ကြီးမားတဲ့အဖောင်းကြီးအား ပစ်ထိုးလိုက်သည်---

--

"အားးးးး!!!"

နာကျင်သောအော်သံထွက်လာသူက ရီရှီးချန်ပင်။

သူရဲ့ဒေါသတရားတွေက ပြင်းပြင်းထန်ထန်ထကြွလောင်ကျွမ်းနေသော်လည်း သူရဲ့စဉ်းစားတွေးခေါ်နိုင်စွမ်းတွေအကုန်ဆုံးရှုံးသွားရင်တောင် သူပိုင်ဆိုင်ထားတဲ့အကောင်းဆုံးသူငယ်ချင်းကို ပျက်စီးစေဖို့ ရည်ရွယ်ချက်မရှိခဲ့ပေ။ကျန်းစွင်းကျစ်ကျွင်းကို သတိပေးချင်ရုံသာဖြစ်သည်။သူ့လက်သီးကို ပစ်သွင်းချိန်တည်းက စွမ်းအင်အများကြီးလျော့ချထားပြီးသားဖြစ်သည်။သို့သော် သူမမျှော်လင့်ထားသည်မှာ ထိုနေရာကို သူ့လက်သီးထိထိချင်းမှာပဲ စွမ်းအားအကြီးကြီးတစ်ခုက ပြန်တွန်းကန်လာခဲ့တယ်!!!!

You've reached the end of published parts.

⏰ Last updated: Apr 07, 2023 ⏰

Add this story to your Library to get notified about new parts!

Fanficထဲမှဇာတ်လိုက်ကြီး မူရင်းဝတ္ထုထဲသို့ကူးပြောင်းလာသောအခါဝယ်[Haitus]Where stories live. Discover now