အခန်း(၅)

628 112 4
                                    

ရှောင်ကွေ့က ကျန်းစွင်းကျစ်ကျွင်း၊လုကျစ်ယောင်တို့နှင့် ဓားမွမ်းမံခြင်းခန်မကို တူတူဝင်လာကြတဲ့အုပ်စုထဲမှ တပည့်တစ်ယောက်ဖြစ်သည်။နေရာသစ်ကို ရောက်လာကြတဲ့ကလေးတွေက ထိုနေရာရှိဘယ်သူ့ကိုမှမသိကြပေ။ထို့ကြောင့် သူတို့ပထမဆုံးသိကြတာက ရည်မှန်းကြီးတဲ့လူမဖြစ်နိုင်ရင် လာမည့်နှစ်မှာ တစ်ယောက်ထဲမနေရစေရန်ရောင်ရင်းတစ်ယောက်ရှာဖို့ အတော်လေးကြိုးစားကြရပေသည်။

ထိုကလေးအုပ်စုထဲတွင် ကျန်းစွင်းကျစ်ကျွင်းက အထူးချွန်ဆုံးတစ်ယောက်ဆိုတာပြောစရာတောင်မလိုပေ။သူက စကားနည်းပြီးတစ်ယောက်တည်းနေတတ်ရင်တောင်မှ နှစ်ပေါင်းတစ်ရာအတွင်းမြင်ရခဲလှသော ကောင်းကင်ဘုံဝိဉာဉ်မြစ်ကို ပိုင်ဆိုင်ထားလေသည်။သူက ပြည့်စုံတဲ့လူတစ်ယောက်အဖြစ်မွေးဖွားလာခဲ့ခြင်းဖြစ်သည်။ထို့ကြောင့် ကနဦးတည်းက တပည့်များထဲ၌ သူကနာမည်အကြီးဆုံးဖြစ်သည်မှာထိုအချိန်ထဲကပင်။လူတွေက သန်မာတဲ့လူတွေအပေါ်မှာအားကိုးရတာကြိုက်ကြတယ်လေ။ရှောင်ကွေ့လည်းအပါအဝင်ဖြစ်သည်။

သို့သော် ကျန်းစွင်းကျစ်ကျွင်းက ဒီလိုသာမညောင်ညလူတွေကို စိတ်မဝင်စား။သူ့ကိုယ်ပိုင်ဓားလေးကိုသာ စိတ်ဝင်စားသည်။ထို့ကြောင့်နှောက်ယှက်ခဲ့ကြသောလူငယ်တွေအကုန် လက်လျော့လိုက်ကြရသည်။အဆုံးမှာ ကျန်းစွင်းကျစ်ကျွင်းက အင်အားအကြီးဆုံးလူဖြစ်လာခဲ့သော်လည်း ထိုနေရာရဲ့တစ်ယောက်တည်းသောသူတော့မဟုတ်ခဲ့ပေ။
ကွဲထွက်နေတဲ့ထိုလူတစ်ယောက်က ရှောင်ကွေ့ဖြစ်သည်။

လူငယ်အများစုကတော့ဖြူစင်ပြီးအပြစ်ကင်းကြသည်။ထို့ကြောင့် သူတို့က အရမ်းစိတ်ထိခိုက်စရာမျိုးမလုပ်ကြပေ။သို့သော် ရှောင်ကွေ့ရဲ့အထူးဘဝအတွေ့အကြုံ‌တွေအရကို သူ့မှာ အလွန်ခိုင်မြဲသန်မာတဲ့သဘောထားရှိသည်။သန်မာတဲ့လူတွေသာသူနှင့်ပတ်သက်နိုင်ရမယ်လို့သူခံစားရသည်။အကယ်၍များအင်အားကြီးတဲ့လူတစ်ယောက်က သူနှင့်မိတ်ဆွေမဖွဲ့ဘူးဆိုရင် ထိုလူကအနှောင့်အယှက်တစ်ခုသာသာပဲဖြစ်သွားပြီ။
အနှောင်အယှက်ဆိုတာ အားလုံးဖယ်ရှာပစ်ရမည်ဖြစ်သည်။
သူ့မျက်လုံးထဲမှာတော့ ကျန်းစွင်းကျစ်ကျွင်းက သူ့ကို အထင်အမြင်သေးသလိုခွဲခြားသလို ခံစားရသည်။ထို့ကြောင့် အစကနေအဆုံးထိ ကျန်းစွင်းကျစ်ကျွင်းကို မုန်းတီး‌ပေ သည်။ထိုအချိန်က အကြီးတန်းတပည့်များနှင့်သူက ကျန်းစွင်းကျစ်ကျွင်းအပြစ်လုပ်အောင်ပူးပေါင်းခဲ့ကြသည်။သူတို့က ကျန်းစွင်းကျစ်ကျွင်းအား တားမြစ်နယ်မြေထဲကျူးကျော်ဝင်ပြီး စည်းကမ်းချိုးဖောက်အောင် လှည့်စားခဲ့ကြတာဖြစ်သည်။မိုးတိမ်လွှာဓားဂိုဏ်း၏ခေါင်းဆောင်ယွီယင်းက အတော်လေးတရားသေဆန်ပြီးခေါင်းကျောမာတဲ့ဓားကျင့်ကြံသူတစ်ယောက်ဖြစ်သည်။စည်းကမ်းချိုးဖောက်တဲ့ထိုလိုကိစ္စမျိုးမှာဆို အပြင်းအထန်ကိုတင်းကြပ်ထားလေသည်။

Fanficထဲမှဇာတ်လိုက်ကြီး မူရင်းဝတ္ထုထဲသို့ကူးပြောင်းလာသောအခါဝယ်[Haitus]Where stories live. Discover now